စကားအရာ အင်္ဂါ(၅)ချက်
စကားပြောဆိုရာ၌ လိုက်နာရမည့်အချက်များ_
(၁) ပြောသင့်တဲ့အချိန်မှာ ပြောမယ်။ မပြောသင့်တဲ့အချိန်မှာ မပြောဘူး။
(၂) မှန်တာကိုပဲပြောမယ်။ မမှန်တာကို
မပြောဘူး
(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့ မွေ့ ပြောမယ်။ ရိုင်းရိုင်းစိုင်းစိုင်းမပြောဘူး။
(၄) ပြောတဲ့အခါ အကျိုးရှိတဲ့စကားကိုသာပြောမယ်။ အကျိုးမရှိတာကို မပြောဘူး။
(၅) ပြောတဲ့အခါ မေတ္တာနဲ့ ပြောမယ်။ ဒေါသနဲ့ မပြောဘူး။