ကင်ဆာရောဂါအတွက် (အထူး)သတိပြုသင့်တဲ့ အစားအစာ (၁ဝ)မျိုး
(၁) မျိုးရိုးဗီဇပြုပြင်ထားတဲ့ သစ်သီးဝလံဟင်းသီးဟင်းရွက်များ
===================================
သဘာဝနည်းနဲ့
စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ တို့ကို
ဈေးကွက်အတွင်းရောက်ရှိဖို့ သင့်တင့်တဲ့ကာလတစ်ခုစောင့်ဆိုင်း ရပါတယ်။
ဒါပေမယ့် GMO(ခေါ်)သဘာဝလွန်စိုက်ပျိုးနည်းတွေသုံး ပြီး ဆေးထိုး၊ ဆေးဖျန်း၊
ဆေးအုပ်ခြင်းများပြုလုပ်နေခြင်းက အခွံဖယ် စားသုံးရသော
အခွံမာသီးတွေကပြဿနာသိပ်မရှိသော်လဲ ဥပမာ အခွံပါ ဝါးစားရတဲ့ ခရမ်းချဉ်၊
စပျစ်၊ စတော်ဘယ်ရီတွေနဲ့ ပဲသီးအမျိုးမျိုး၊ ဂေါ်ဖီထုပ်အပါအဝင်
ဟင်းသီးဟင်းရွက်အားလုံးကို ရေစင်စင် မဆေး ကြောဘဲစားသုံးမိရင်
ဓာတုဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် အစာအဆိပ်သင့်ရုံသာမက
ကင်ဆာရောဂါတွေပါဖြစ်စေနိုင်ပါတယ်။
(၂) တာရှည်ခံအောင်ပြုပြင်ထားတဲ့ အသားများ
===========================
ကြက်အူချောင်း၊ ဝက်အူချောင်းတွေ၊ အသားလုံး၊ အသားပြား၊ အသားခြောက်တွေ၊ Hot
Dog တွေမှာ အသားကို တာရှည်ခံစေဖို့ ဆိုဒီ ယမ်နိုက်ထရိတ်ဓာတုပစ္စည်းတွေ
ထည့်သွင်းထားတာကြောင့် ကင်ဆာ ရောဂါအမျိုးမျိုး ဖြစ်စေသလို ကင်ဆာဝေဒနာသည်တွေ
စားသုံးမိရင် ကင်ဆာအဖုအကျိတ်တွေကို လျင်မြန်စွာကြီးထွား
ပျံ့နှံ့လာစေနိုင်ပါတယ်။
(၃) မိုက်ကရိုဝေ့ဖ်မီးဖိုနဲ့ဖောက်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်များ
====================================
ပြောင်းဖူးပေါက်ပေါက်တွေကို အလွန်အကျွံစားမိတဲ့အခါ မိုက်ခရို ဝေ့ဖ်
မီးခိုးငွေ့နဲ့ ပြောင်းဖူးပေါက်ပေါက်တို့ဓာတ်ပြုခြင်းကြောင့် ထွက်ရှိ လာတဲ့
Perfluorooctanoic နဲ့ Diacetyl ဓာတ်များက အဆုတ်ကင်ဆာ
ဖြစ်စေပါတယ်။
ဒါ့အပြင် မိုက်ခရိုဝေ့ဖ်အပူဓာတ်စီးနေတဲ့ ပြောင်းဖူး ပေါက်ပေါက်(ပူပူ)တွေကို
ပလတ်စတစ်နဲလုပ်ထားတဲ့
အိတ်(သို့မဟုတ်)ပန်းကန်ခွက်တွေထဲထည့်စားခြင်းကပန်ကရိယကင်ဆာဖြစ်လာနိုင်ပါတယ်။
(၄) သစ်သီးခြောက်များ
==============
ပန်းသီး၊ စတော်ဘယ်ရီ၊ စပျစ် စတဲ့သစ်သီးခြောက်စားသုံးခြင်းက ကျန်းမာရေးကို
ကောင်းကျိုးပြုစေတယ်လို့ လူသားအားလုံးက ယုံကြည် နေကြပါတယ်။
သင့်တင့်မျှတတဲ့ပမာဏကကောင်းပေမယ့် လွန်ကျူးစွာ စားသောက်မိရင်တော့
သစ်သီးခြောက်တွေမှာသုံးထားသော နွမ်းခြောက်ဆေးများ၊ အချို၊ အငန်ဓာတ်တွေက
လူကိုဘေး ဖြစ်စေပါတယ်။
(၅) ဆော်ဒါအချိုရည်များ
==============
ဆော်ဒါအချိုရည်တွေကို အရသာကောင်းစေဖို့ အချို ဓာတ်တွေသာမက အရောင်လှစေဖို့
အရောင်ဆိုးဆေးတွေ သုံးထားပါတယ်။ ဒါ့အပြင် အမြှုပ်ထစေဖို့ ကာဗွန်ဒိုင်အောက်
ဆိုက်ဓာတ်ငွေ့တွေ ထည့်သွင်းထားတာကြောင့် ထိုဓာတ်ပေါင်း စုက
လူ့ခန္ဓာကိုယ်တွင်းကလီစာတွေကို အက်စစ်ဓာတ်ပြုပြီး ကင်ဆာဆဲလ်တွေ
တိုးပွားလာစေနိုင်ပါတယ်။
(၆) ဆေးသကြားခဲများ
=============
သကြားအစားထိုး ဆေးသကြားခဲများ၊ အချိုမှုန့်များနဲ့ သဘာဝကိုဆန့်ကျင်၍
ဓာတုပစ္စည်းများဖြင့်ပြောင်းလဲကာ ဟင်းခတ်မှုန့်ပြုလုပ်ထားကြတဲ့ (ကြက်၊ ဝက်၊
ဟင်းရွက်)အမှုန့်ချိုချိုတွေ က သွေးတိုး၊ ဆီးချိုရောဂါများသာမက၊
ကိုယ်ဝန်ဆောင်များကို သားလျှော စေတဲ့အပြင် ကင်ဆာရောဂါအမျိုးမျိုးတို့ကိုပါ
ဖြစ်စေနိုင်ပါတယ်။
(၇) ဂျုံမှုန့်ဖြူဆွတ်ဆွတ်များ
================
သဘာဝဂျုံမှုန့်တွေကို ဓာတုချွတ်ဆေးတွေသုံးပြီး ဖြူဆွတ်အောင်
ပြုပြင်ထားခြင်းကြောင့် ဂျုံထဲရှိ ကစီဓာတ်တွေနွဲူ့ပခနာငခ ဓာတ်တွေ
ပြောင်းလဲဖောက်ပြန်သွားကာ ရင်သားကင်ဆာဖြစ်စေပါတယ်။ ဒါတင် မကသေးပါဘူး
သွေးထဲရှိသကြားပမာဏတွေ တိုးပွားလာပြီးတော့ ကင်ဆာအကျိတ်အဖုတွေကို
လျင်လျင်မြန်မြန်ပြန့်ပွားစေပါတယ်။
(၈) ကန်မွေးငါးများ
============
သဘာဝနဲ့ဆန့်ကျင်ပြီး မွေးမြူတဲ့ ငါး၊ ပုစွန်ကန်တွေကို ရေစင်စင် မဆေးကြောဘဲ
အစိမ်းစားမိတဲ့အခါ ကင်ဆာရောဂါဖြစ်စေပါတယ်။ အကြောင်းရင်းကတော့ မွေးကန်ထဲမှ
ရေ(စံ ပမာဏ) နဲ့ ရေအပေါ့ အငန်ဓာတ်တွေကို သဘာဝရေအတိုင်းရရှိအောင်
အသုံးပြုထားတဲ့ ရေသန့်ဆေးအမျိုးမျိုး၊ ပိုးသတ်ဆေးများ၊ ငါး၊
ပုစွန်ကြီးထွားဆေးနဲ့ အကြေးခွံမာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်ပါပဲ။
(၉) ပြုပြင်ထားတဲ့ အဆီတုများ
==================
မာဂျရင်း၊ ထောပတ်တုနဲ့ ကရင်မ်တို့လို ဟိုက်ဒရိုဂျင်ဓာတ်သုံးပြီး
ပြုပြင်ထားတဲ့ အဆီတုတွေက လူ့ခန္ဓာကိုယ်တွင်းရှိ ဆဲလ်အမြှေးပါးတွေ
ဖွဲ့စည်းတည်ဆောက်မှုကို ကမောက်ကမဖြစ်စေကာ ကင်ဆာဆဲလ်အဖြစ် ဦးတည်လာပါတော့တယ်။
(၁ဝ) ဖန်တီးထားတဲ့ သကြားမှုန့်ဖြူဆွတ်ဆွတ်များ
============================
ကြံဖြင့်ပြုလုပ်ထားတဲ့ သကြားတွေက လူကိုဘေးဥပဒ် မဖြစ်စေပါ ဘူး။ သို့သော်
ဖရူးတို့စ်(ခေါ်)ချိုအောင်ဖန်တီးထားတဲ့ သကြားမှုန့် ဖြူ ဆွတ်ဆွတ်တွေက
သွေးထဲမှသကြားဓာတ်ကို ချက်ချင်းဆိုသလို မြင့်မား လာစေကာ ကင်ဆာဆဲလ်တွေကိုလဲ
ကြီးထွားလာစေပါတယ်။
(Ref:Daily Health Tips)
ပေါက်ပေါက်
The Union Daily