မြန်မာ့တိုင်းရင်းဆေးပညာ
တင်ဆက်မှုအပိုင်း(2)
မြန်မာ့တိုင်းရင်းဆေးပညာဟာ
ရှေးနှစ်ပေါင်းများစွာကပင်
တည်ရှိဖြစ်ထွန်းခဲ့ပြီး
ယနေ့တိုင်အောင်လည်း
ဘိုးဘွားအမွေအနှစ်
အမျိုးသားဆေးပညာရပ်အနေ
ဖြင့်အားကိုးအားထားပြုနေ
ကြရဆဲဖြစ်ပါတယ်။
နယကြီး လေးပါး
ဒေသနာ နယဆေးပညာ
မြတ်ဗုဒ္ဓဟောကြားတော်မ
ူသောအဘိဓမ္မာဒေသနာ
တော်ကိုအခြေခံ၍
ကံစိတ်ဥတုအဟာရ
အကြောင်းတရားတို့ ကြောင့်
ဓာတ်ကြီးလေးပါးရုပ်တရားနှင့်
နာမ်တရားတို့ တွင်
အနာရောဂါဝေဒနာဖြစ်ပေါ်
လာမှုကိုစမ်းသပ်စစ်ဆေး
ကုသသောဆေးပညာစနစ်
ဖြစ်ပါတယ်။
ဘေသဇ္ဇ နယဆေးပညာ
အာယုဗ္ဗေဒဆေးပညာကို
အခြေပြု၍
ကာလ အတ္တ ကမ္မအကြောင်း
တရားကြောင့်
ဒေါသ ၃ပါး
ဓာတ် ၇ပါး
မလ ၁၂ပါး တို့ ဖြင့်ဖွဲ့စည်း
ထားသောခန္ဓာကိုယ်တွင်
အနာရောဂါ ဝေဒနာဖြစ်ပေါ်
လာမှုကို စမ်းသပ်စစ်ဆေး
ကုသတဲ့ဆေးပညာစနစ်တစ်
ရပ်ဖြစ်ပါတယ်။
နက္ခတ္တဗေဒ နယဆေးပညာ
ကောင်းကင်ရှိနေ လ ဂြိုလ်
တို့ နှင့်တစ်ကွ
အာကာသနက္ခတ်
ဓာတ်နက္ခတ်
ကိန်းနက္ခတ်
တို့ ကိုတွက်ချက်၍စမ်းသပ်
စစ်ဆေးကာ
ဓာတ်တိုင်ထူဓာတ်စာပေး
ကုသရသောပညာရပ်ဖြစ်ပါ
တယ်။
ဝိဇ္ဇာဓရ နယဆေးပညာ
လောကီနှင့်လောကုတ္တရာ
အကျိုးစီးပွားအတွက်
ရုပ်ဓာတ် ၉ပါး
နာမ်ဓာတ် ၉ပါး
ကိုအထူးထူးအထွေထွေသော
နည်းပညာများဖြင့်ဆေးဝါး
အသွင်ပြုပြင်၍လည်းကောင်း
ဘုရားရှင်ဟောကြားတော်မူ
သောပရိတ်တရားတော်တို့ 
ကိုအသုံးပြု၍လည်းကောင်း
စမ်းသပ်စစ်ဆေးကုသသည့်
ဆေးပညာရပ်ဖြစ်ပါတယ်။
Tun Tun Aung
(ADMIN-GM)