မယောင်ရာ ဆီလူး
နောက်ထပ် မြန်မာ စကားပုံ တစ်ခု ကတော့ 'မယောင်ရာ ဆီလူး' ပါ။ ယင်းစကားပုံက
တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံရေး လောကပေါ် သက်ရောက်မှု အများကြီး ရှိပါတယ်။
အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတွေမှာ ဖြစ်ပါတယ်။
အနာ တစ်ခြား ဆေး တစ်ခြား
ဆိုသလို ပါပဲ။ ယောင်နေ၊ နာနေတာက တစ်ခြား၊ လိမ်းလိုက်တဲ့ ဆေးက တစ်ခြား
ဖြစ်နေတော့ အနာက ဆက်နာနေတဲ့ အပြင် ဆေးကြောင့် မနာတဲ့ နေရာက
ပူရှိန်းရှိန်းနဲ့ နေရ ခက် ပါတယ်။ ယနေ့မှာလည်း ဒီလိုပါပဲ။ တိုင်းပြည်မှာ
လိုအပ်နေတဲ့ နေရာ၊ နာနေတဲ့ နေရာက တစ်ခြား၊ ပြန်လည် ပြုပြင် ထိန်းကြောင်း
ပေးတဲ့ နေရာက တစ်ခြား ဖြစ်တဲ့ အခါ အကျိုး သက်ရောက်မှု မရှိပဲ အားလုံး နစ်နာ
ရ ပါတယ်။
ယနေ့ အချိန်အထိလဲ မယောင်ရာ ဆီလူး ဆိုတဲ့ မြန်မာ့
စကားပုံဟာ မှန်ကန် အကျုံးဝင် နေဆဲ ဖြစ်တာမို့ စာဖတ်သူတို့ စိတ်ထဲမှာ
ရှိနေတဲ့ မယောာင်ရာ ဆီလူး အကြောင်း အရာ ဥပမာ များကို မျှဝေ ပေးနိုင် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/book/article/40655-wrong-med-on-pain.html
.