
~မဝတ်ကြပါနဲ့အင်္ကျီ ချိုင်းပြတ်...မနေကြပါနဲ့ အင်္ကျီ ကိုယ်တုံးလုံး~
•ယခုလအတွင်းမှာမြန်မာနိုင်ငံတဝှမ်းလုံးမှာရှိ
တဲ့မြို့ရွာတိုင်းမှာနေ့အပူချိန်မြင့်မားလာနေပါတယ်။
•ကျန်းမာရေးဌာနတွေအနေနဲ့ပြည်သူလူထုကို
အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်တွေထုတ်
ပြန်နေသလို၊ဒေါက်တာထွန်းလွင်နဲ့မိုးလေဝသ
ပညာရှင်တွေကလည်းနေရောင်ခြည်နဲ့အတူပါ
လာတဲ့ခရမ်းလွနရောင်ခြည်အန္တရာယ်ကိုလည်း
အဆက်မပြတ်သတိပေးနေပါတယ်။
•အခုရောက်ရှိနေတဲ့အပူချိန်နဲ့ခရမ်းလွန်ရောင်
ခြည်ပမာဏဟာလူတွေအတွက်အန္တရာယ်ဖြစ်
နိုင်တဲ့အခြေအနေကိုရောက်နေပြီဖြစ်ပါတယ်။
•ဒါပေမယ့် အပူချိန်မြင့်မားတဲ့နေခင်းအချိန်မှာ
အပြင်မှာသွားလာနေကြတဲ့သူတွေအများစုဟာ
အင်္ကျီဂျိုင်းပြတ်တွေ၊အကော်ပိုင်းမှာအကျီမပါပဲ
ဗလာကျင်းတွေအများစုတွေ့နေရပါတယ်။
•သူတို့အနေနဲ့အကျီမပါရင်၊ဂျိုင်းပြတ်နဲ့နေရင်
အေးတယ်လို့လူပြိန်းတွေး တွေးနိုင်ကြပေမယ့်
အမှန်တကယ်ကတော့နေရောင်ခြည်ကမိမိအသား
ပေါ်ကိုတိုက်ရိုက်ကျရောက်တဲ့အတွက်အပူဒဏ်
ကိုပိုမိုခံစားရတဲ့အပြင်ခရမ်းလွန်ရောင်ခြည်အရေ
ပြားအပေါ်ကိုတိုက်ရိုက်ကျရောက်ပြီးဆိုးကျိုး
၂ ဆပိုမိုဖြစ်စေပါတယ်။
•ဥပမာအားဖြင့်အာရပ်နိုင်ငံများကိုကြည့်ကြည
ပါ။ကျွန်တော်တို့နိုင်ငံမှာထက်အဆပေါင်းများစွာ
ပိုမိုပူပြင်းပြီးပိုမိုခြောက်သွေ့ပါတယ်။
သူတို့နိုင်ငံမှာစွပ်ကြယ်ချိုင်းပြတ်နဲ့အပြင်
ထွက်တဲ့သူကိုလည်းမတွေ့ရပါ။အင်္ကျီကိုယ်
တုံးလုံးချွတ်ဖြင့်အလုပ်လုပ်နေသူများလည်းမရှိ
ကြပါ။ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိစေရန်အရောင်
ဖျော့သောဝတ်ရုံဖြူများဖြင်လုံခြုံအောင်ဝတ်ဆင်
ကြပါတယ်။
•ကျွန်တော်တို့မြန်မာနိုင်ငံအနေဖြင့်သူတို့ကဲ့သို့
ဝတ်ဆင်ရမည်ဟုမဆိုလိုပါ။
သို့သော်အပြင်သို့ထွက်၍သွားလာလှုပ်ရှားကြ
မည်ဆိုပါကဖြစ်နိုင်လျှင်အရောင်ဖျော့သောချည်
သားအကျီလက်ရှည်ပွပွကဲ့သို့အဝတ်အစားများ
ဖြင့်မိမိကိုယ်ကိုလုံခြုံအောင်ကာကွယ်ပြီးမှထွက်
ကြပါရန်အထူးနိုးဆော်အပ်ပါတယ်။
(ဒေါက်တာကျော်ဆွေ့)
ref;u kyaw swe via hnineilwin
နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6