ကြက်ဟင်းခါးသီးဟာ ခါးပေမယ့် ဆေးစွမ်းပါတယ်
ကြက်ဟင်းခါး သီးကို ကြိုက်တဲ့ သူတွေက နည်းတော့ ရေးရမှာတောင် နည်းနည်းကြောက်တယ်။ ဒါပေမယ့်လည်း ကြိုက်တဲ့သူတွေ အတွက် ကြက်ဟင်း
ခါးသီးမှ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မျှဝေလိုက် ရပါတယ်။
ကြက်ဟင်းခါး သီးဟာ ဆိုရင် ကြော်စား၍လည်း ရတယ် နောက်ပြီး ပြုတ်ပြီး
ငပိချက်နဲ့လည်း တို့စားလို့လည်း ရတယ် အခြားသော အရာတွေ နဲ့လည်း ရောနှောကာ
စားလို့ ရပါတယ်။ ကြက်ဟင်းခါး သီးဟာ ကာလဝမ်းရောဂါ အတွက် ကောင်းမွန်ပါတယ်။
ဒါ့အပြင် အရက်နာ ကျခြင်းနှင့် လိပ်ခေါင်းရောဂါကို သက်သာစေနိုင် ပါတယ်။
ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးနိုင်တဲ့ အပြင် စွမ်းအင်လည်း
တိုးစေနိုင်ပါတယ်။ သွေးပြဿနာ များအတွက် ကောင်းမွန်ပြီး ကိုယ်ခံစွမ်းအား
ကောင်းမွန်စေနိုင်ကြောင်း သိရပါတယ်။ အသက်ရှုကျပ်သူများ အသက်ရှူလမ်းကြောင်း
ပြဿနာများ အတွက် ကောင်းမွန်ပါတယ်။
ကျော်လင်းနိုင်