ပျားရည်က
ချောင်းဆိုးသက်သာစေပါသလား
အိမ်မှာ အဘိုးအဘွားတွေက
မြေးကလေးချောင်းဆိုးပြီဆိုရင် ညအိပ်မရဖြစ်ရင် သက်သာအောင်လို ပျားရည်လေးတစ်ဇွန်း၊ နှစ်ဇွန်းလောက်
တိုက်ပေးတတ်ကြပတယ်။ ကလေးတွေ ကတော့ ပျားရည်ချိုချိုလေးတွေကို နှစ်ခြိုက်စွာသောက်ကြပေမယ့်
တကယ်ရော ပျားရည်ဟာ ချောင်းဆိုးခြင်းကို သက်သာစေရဲ့လားလို့ မေးခွန်းထုတ်စရာပါ။ ဒါကို
သိပ္ပံပညာရှင်များက လက်တွေ့လေ့လာခဲ့ရာမှာတော့ ပျားရည်ဟာ ချောင်းဆိုးခြင်းကို သက်သာစေရာမှာ
အကူအညီပေးနိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်။ ချောင်းဆိုး ပျောက်စေတဲ့ ဆေးဝါးတွေနေရာမှာတော့
အစားထိုးလောက်အောင် အစွမ်းမထက်ပေမယ့် ဆေးဝါးလွယ်ကူ စွာမရရှိနိုင်တံ ဖွံဖြိုးဆဲနေရာဒေသတွေမှာတော့
အစားထိုးအိမ်သုံးကုထုံးအဖြစ် ဝေဒနာသက်သာစေရန် အသုံးပြုနိုင်ကြောင်း အကြံပေးထားပါတယ်။
ခိုင်လုံတဲ့သက်သေပြချက်မရှိ ပေမယ့် အပြင်းအထန်ချောင်းဆိုးနေ တဲ့ ကလေးငယ်များတွင အကျိုးသက်ရောက်မှုပေးနိုင်တယ်လို့တော့
တွေ့ရှိထားပါတယ်။ အမေရိကန်သုတေသီတစ်ခု တွေ့ရှိထားတာကတော့ ဆေးဝါးမသောက်သုံးတာနှင့်ဆိုင်ရင်
ပျားရည်ဟာ ချောင်းဆိုး ရောဂါရဲ့ ပြင်းထန်မှု၊ မကြာခဏချောင်းဆိုးခြင်းနဲ့ လူကိုမသတ်မသာဖြစ်စေခြင်းတို့ကို
လျော့ကျစေတယ်လို့ ဖြစ်ပါတယ်။ သုတေသနတွေ့ရှိချက်များဟာ ကလေးငယ်များအပေါ်တွင် အာရုံစိုက်ထားပြီး
လူကြီးများတွင် ပျားရည်အကျိုးသက်ရောက်မှုရှိ၊ မရှိကိုတော့သေချာစွာလေ့လာထား ခြင်းမရှိသေးပါဘူး။
သို့သော်လည်း လူကြီးများအနေနဲ့ ဆီးချို၊ သွေးချိုရောဂါမရှိလျှင် သဘာဝပျားရည် စစ်စစ်ကိုဆေးအဖြစ်သုံးပါက
မမှားနိုင်ကြောင်းလည်း သိရပါတယ်။
ဇင်မာမြင့် Ref: abc.net