မွေးစမှ အသက် ၆-လအထိ မိခင်နို့ တစာမျိုးတည်းသာတိုက်ကျွေးပါ
မိခင်နို့ ဘာကြောင့် တိုက်သင့်သလဲ
==================================================================
★
မိခင်နို့တွင် မွေးစမှ ၆-လသားအရွယ်ထိ ကလေးများအတွက် လိုအပ်သော အာဟာရဓာတ်များ စုံလင်မျှတစွာ ပါဝင်နေပါသည်။
★ မိခင်နို့သည် ရောဂါပိုးများကို ခုခံ၊ ကာကွယ်၊ တိုက်ခိုက်နိုင်သည့်ဓာတ်များ ပါဝင်သည်။
★ မိခင်နို့ကို အချိန်မရွေး အလွယ်တကူ တိုက်နိုင်သည်။
★ မိခင်နို့တိုက်ခြင်းသည် သားအိမ်ကို ကျုံ့စေသည်။ မီးဖွားပြီး သွေးသွန်ခြင်းမှ ကာကွယ်သည်။
★ မိခင်နို့တစ်မျိုးတည်းကို အချိန်ပြည့်တိုက်လျှင် သားသမီးဝေးစေနိုင်သည်။
မိခင်နို့ ဘယ်လိုတိုက်မလဲ
*****************
မီးဖွားပြီး နာရီဝက်အတွင်း စောနိုင်သမျှစောစွာ မိခင်နို့ကို စတင် တိုက်ကျွေးပါ။
မီးဖွားပြီး ပထမ ၁-ရက်၊ ၂-ရက်တွင် ထွက်သည့် နို့ရည်ကြည် (နို့ဦးရည်)ကို တိုက်ဖြစ်အောင် တိုက်ပါ။
ကလေးဆာတိုင်း အသက် ၆-လအထိ မိခင်နို့မှတပါး မည်သည့် အရည်၊ အဖတ်မျှ
တိုက်ကျွေးစရာမလိုပါ။ ( ကျွေးလျှင် အစာမကြေဖြစ်မည်။ ဝမ်းပျက်မည်။
နို့စို့နည်းသွားပြီး အာဟာရ ချို့တဲ့သွားနိုင်သည်။
နို့တိုက်မိခင်သည် မလိုအပ်ဘဲ အစာရှောင်လွန်းလျှင် မိခင်နို့တွင်
ဗီတာမင်ဘီဝမ်း( Vitamin B-1) ချို့တဲ့သဖြင့် နို့စို့ကလေးသည်
သူငယ်နာဘယ်ရီဘယ်ရီ (Infantile )ရောဂါကြောင့် ရုတ်တရက်
အသက်ဆုံးရှူံးရတတ်သည်။
★ ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာန၏
၂၀၀၇-ခုနှစ်ထုတ် 'မြန်မာတို့အတွက် အာဟာရမျှတ၍ ကျန်းမာစေရန် စားသောက်နည်း
လမ်းညွှန်' စာအုပ်ငယ်မှ ကူးယူဖော်ပြသည်
(ကျန်းမာရေးဆိုင်ရာ သိမှတ်စရာ )