မြန်မာ့တိုင်းရင်းဆေး
တင်ဆက်မှုအပိုင်း(13)
တန်ဖိုးရှိလှတဲ့
မြန်မာ့တိုင်းရင်းဆေးပညာ
သမိုင်း
ကုန်းဘောင်ခေတ်
်(1752-1885)
နှစ်ပေါင်း(133)နှစ်ခန့် ရှည်
လျားခဲ့ပြီး
နိုင်ငံရေး စီးပွားရေး လူမှုရေး
တို့ တွင်လည်းအခြားခေတ်
များနှင့်မတူတိုးတက်ခဲ့သည့်
အလျှောက်တိုင်းရင်းဆေး
ပညာနှင့်ဆေးကျမ်းများလည်း
အဆင့်အတန်းမြင့်မားလာ
ခဲ့သည်ကိုတွေ့ရှိရသည်မှာ
ဂုဏ်ယူဖွယ်ရာတွေ့
ှိရပေသည်။
တောင်တွင်းဆရာတော်
ခင်ကြီးဖျော်ဟာ့ 
နက္ခတ္တဆေးပညာကျမ်း
ကိုတီထွင်ခဲ့ပါတယ်။
သက်ပန်ဆရာတော်၏
ဓါတုဝိဘာဂဒီပနဆေးကျမ်ီး
ဝန်စာရေးဦးကောင်း၏
နရသုခိဆေးကျမ်း
ဘိုးတော်ပဒုံမင်းဟာ
ဆေးကျမ်းဘာသာပြန်ဆိုခြင်း
ဆေးပင်များရှာဖွေခြင်း
အိန္ဒိယသို့ စေလွှတ်ပြီး
ဆေးကျမ်းများယူဆောင်
စေခြင်းများကိုဆောင်ရွက်ခဲ့
ပါတယ်။
မင်းတုန်းမင်း(1853-1878)
လက်ထက်မှာ-
အာယုဗ္ဗေဒဆေးကျမ်းပေါင်း
ချုပ်ဟုခေါ်ဆိုသော
ဘေသဇ္ဇမဉ္စူဆေးကျမ်း
ကိုလင်္ကာရာမဆရာတော်
ဘင်္ဂလားဆရာတော်တို့ ဟာ
သက္ကတဘာသာမှမြန်မာ
ဘာသာပြန်ဆိုခဲ့ပါတယ်။
ယောအတွင်းဝန်ဦးဖိုးလှိုင်ဟာ
ခန္ဓာဗေဒနှင့်ဆိုင်သော
ကာယနုပဿနာကျမ်း
ဥတုအဟာရတို့ နှင့်
ကိုက်ညီစွာစားသောက်
နိုင်ရေးအတွက်
ဥတုဘောဇနသင်္ဂဟ ဆေးကျမ်းကိုပြုစုရေးသားခဲ့
ပါတယ်။
တောင်သာခြောက်လုံး
ကောက်ဆေးပညာဟာ
မြန်မာ့တိုင်းရင်းဆေးစစ်စစ်
ဖြစ်ပါတယ်။
မင်းတုန်းမင်းလက်ထက်မှာ
အထူးကျွမ်းကျင်တဲ့
ဆေးဆရာကြီးများက
-ဆေးအတတ်ပညာကို
စာတွေ့+လက်တွေ့
တတ်မြောက်အောင်
သင်ကြားပြသနိုင်ခြင်း
-ဘုရင့်သမားတော်အဖွဲ့မှ
ပြုလုပ်သော
ဆေးပညာဆိုင်ရာအရည်
အချင်းစစ်စာမေးပွဲများကို
အောင်မြင်စေခြင်းဖြင့်
နေမျိုး ဘိသဇ္ဇရာဇာဘွဲ့ကို
ပေးအပ်လေ့ရှိပြီးလစာငွေ
(၅၃)ကျပ်ရရှိကြပါတယ်။
မင်းတုန်းမင်းနှင့်
သီပေါမင်းလက်ထက်တွင်
ဘုရင့်သမားတော်(10)ဦးခန့် 
ထားရှိခဲ့ပါတယ်။
Tun Tun Aung
ADMIN(GM)
တိုင်းရင်းဆေးသုတေသီ
(20-4-2014)
(6:39)PM
ု
်