မြန်မာ့တိုင်းရင်းဆေးပညာ
တင်ဆက်မှုအပိုင်း(6)
တိုင်းရင်းဆေးပညာနည်းစနစ်
ရောဂါဖြစ်ကြောင်းများတွင်
ပတ်ဝန်းကျင်ရာသီဥတုဟာ
အရေးပါပါတယ်။
လူ၏ခန္ဓာကိုယ်မှာဖွဲ့စည်း
ထားတဲ့ပဉ္စမဟာဘူတရပ်
များဟာယင်းတို့ ရဲ့သဘာဝအရစဉ်ဆက်
မပြတ်ဖြစ်ပျက်ပြောင်းလဲမှု
ဖြစ်နေပါတယ်။ထို့ ကြောင့်
လူသားဟာအသက်ရှင်ရပ
်တည်နိုင်ရေးအတွက်ပြင်ပ
ပတ်ဝန်းကျင်နဲ့အဆက်မပြတ်
ညှိနိုင်းလုပ်ဆောင်နေရပါ
တယ်။ပဉ္စမဟာဘူတရပ်များ
ဖြစ်ပျက်မှုအားလွှမ်းမိုးနေတဲ့
အချက်များတွင်ရာသီဥတု
ပြောင်းလည်းမှုဟာအလွန်
အရေးပါပါတယ်။
ဥတုဟူသောဝေါဟာရဟာ
တိုင်းရင်းဆေးပညာနည်းစနစ်
အရ ပူခြင်း အေးခြင်း
သို့ မဟုတ် အပူအအေးပြောင်းလည်း
မှုဖြစ်စဉ်ဟုခေါ်သည်။
ရာသီဆိုသည့်ဝေါဟာရမှာ
အချိန်ဖြစ်ပြီး
တစ်နှစ်တွင် ၁၂လရှိ၍
တိုင်းရင်းဆေးပညာအရ
တက်ဥတုနှင့်
သက်ဥတုဟူ၍
အဓိက ၂ပိုင်းခွဲထားပါတယ်။
တိုင်းရင်းဆေးပညာအလိုအရ
တစ်နှစ်တာကာလကို
တက်ဥတုနှင့်သက်ဥတုဟူ၍
ခွဲခြားထားပါတယ်။
တက်ဥတုဟာ
ပြာသိုလပြည့်ကျော် ၁ရက်မှ
ဝါဆိုလပြည့်နေ့အထိ
သက်ဥတုဟာ
ဝါဆိုလပြည့်ကျော် ၁ရက်နေ့
မှပြာသိုလပြည့်နေ့အထိ
ဖြစ်ပါတယ်။
တက်ဥတုကာလ
လက္ခဏာများ
1)ချွေးထွက်များခြင်း
2)ရေငတ်ခြင်း
3)ဆီးနည်းခြင်းဝါခြင်းနီခြင်း
4)ဝမ်းချုပ်ခြင်း
5)ကိုယ်သားကိုယ်ရည်နှူးညံ့
ခြင်း
6)အအိပ်နည်းခြင်း
7)ခန္ဓာကိုယ်ပေါ့ပါးသွက်လက်
ခြင်း
8)ခန္ဓာကိုယ်တွင်တေဇော
ဝါယော အာကသတို့ ၏ဇီဝ
လုပ်ငန်းများပိုမိုဖြစ်ပွားလျှက်ရှိ
ပါတယ်။
သက်ဥတုလက္ခဏာများ
1)ချွေးမထွက်ခြင်း
2)ရေမငတ်ခြင်း
3)ဆီးများခြင်းဖြူခြင်း
4)ဝမ်းသက်လွယ်ခြင်း
5)ကိုယ်သားကိုယ်ရေကြမ်း
တမ်းခြင်း
6)အိပ်ကောင်းခြင်း
7)ခန္ဓာကိုယ်လေးလံထိုင်းမှိုင်း
ခြင်း
8)ခန္ဓာကိုယ်တွင်ပထဝီ
အာပေါဓါတ်တို့ ရဲ့ဇီဝလုပ်ငန်း
များပိုမိုဖြစ်ပွားလျှက်ရှိပါတယ်။
တိုင်းရင်းဆေးပညာစနစ်အရ
တက်ဥတုနဲ့သက်ဥတုကာလ
ကျန်းမာသည့်လက္ခဏာများ
သည်ခန္ဓာကိုယ်မှပတ်ဝန်း
ကျင်အပူအအေးပြောင်းလဲမှု
နဲ့ညှိနှိုင်းနေရပါတယိ။
Tun Tun Aung
ADMIN(GM)