အိုင်တီလောကမှ ရယ်လို့ မဟုတ်ပါဘူး။ ဘယ် ပညာရပ်နဲ့ လုပ်ငန်းမှာပဲ
ဖြစ်ဖြစ်ပါ။ ကိုယ် မသိလို့ သိတဲ့သူဆီမှာ မေးမြန်းချည်းကပ်တဲ့ အခါ ငါက
ဘာဘွဲ့ရထားတာ၊ ငါက ဘယ်လို အရည်အချင်းရှိတာ ဆိုတဲ့ မာန မျိုး၊ အတွေးမျိုး
ဝင်နေရင် ကိုယ် ဘာမှ မတတ်တော့ပါဘူး။ အိပ်ချင် ယောင်ဆောင်တဲ့ သူကို
နိုးရခက်သလို၊ မသိပဲ သိချင်ယောင်ဆောင် နေတဲ့သူကို သင်ရ၊ ပြောပြရ၊ ရှင်းပြရ
အတော်ခက်ပါတယ်။ ဒီတော့ ရလဒ်ကတော့ ပညာ မာန ထားသူဟာ လုပ်ငန်းခွင်မှာ မကျရှုံ
လောဘကြီးခြင်း
လောဘဆိုတာ ဒီလိုပါ။ အချို့ က ကုမ္မဏီပိုင်ရှင်၊ စီးပွားရေး လုပ်ငန်းရှင်၊
သူဌေး အစရှိသဖြင့် ဖြစ်ချင်နေကြပါတယ်။ သို့ပေမယ့် ဝန်ထမ်းကောင်း၊
နောက်လိုက်ကောင်း တစ်ယောက် ဖြစ်အောင် လေ့လာ ကျင့်ကြံ အားထုတ်ဖို့ကျ
မကြိုးစားကြပါဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်သူက အရင်ဆုံး
နောက်လိုက်ကောင်း ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ကနေ ကန့်လန့်တိုက်ပြီး
ဆက်တိုက်လိုက်တာတဲ့ သူကို ခေါင်းဆောင်အဖြစ် ခန့်အပ်တဲ့အခါ ယင်း
အဖွဲ့အစည်းဟာ မအောင်မြင် နိုင်တော့ပါဘူး။
ဒေါသ ထားခြင်း
ဒေါသဆိုတာ အမှန်တော့ ကပ်သွက်တာပါ။ သင်ကောင်းလျှင် ကျုပ်မဆိုးပါ။
သင်ဆိုးလျှင် ကျုပ်ဆိုးမည် ဆိုတော ဒေါသကြီးသူတို့ လုပ်ရပ်ပါ။
ဘယ်လုပ်ငန်းခွင် မှာမဆို ဒီလိုပဲ သူက ဒီလောက်ပဲလုပ်လို့ ငါလည်း ဒီလောက်ပဲ
လုပ်မယ်။ ငါဒီလောက်လုပ်တာကို သူတို့အသိအမှတ်မပြုလို့ ငါ မလုပ်တော့ဘူး
အစရှိသဖြင့် ဒေါသထားခြင်းကလည်း လုပ်ငန်းခွင်မှာ ကျရှုံး စေပါတယ်။
ပျင်းရိခြင်း
အချို့ က သိသိသာသာပျင်းပါတယ်။ အချို့ က မသိမသာ ပျင်းပါတယ်။ အချို့  က
ပျင်းပေမယ့် မပျင်းချင်ယောင်ဆာင် တတ်ပါတယ်။ ဒီလောက်ခိုင်းလို့ ဒီလောက်ပဲ
ပြီးအောင်လုပ်မယ်။ သူခိုင်းတာလောက်ပဲ လုပ်မယ်။ အစရှိသဖြင့် ခိုင်းတာပဲ
လုပ်တတ်နေသူဟာ အခိုင်းခံသူပဲ ဖြစ် မှာပါ။ ခိုင်းမယ့်သူ ဖြစ်မလာပါဘူး။
ဆက်ဆံရေး ညံ့ဖျင်းခြင်း
လုပ်ငန်းခွင်မှာ ဆက်ဆံရေးကလည်း အင်မတန် အရေးကြီးပါတယ်။ ဘယ်လောက်ပဲ
တော်တယ်ပြောပြော၊ တတ်တယ်ပြောပြော ကိုယ့်မှာ ရှိတဲ့ အရည်အချင်းကို တစ်ဖက်သား
သိအောင် ထုတ်ဖော်မပြောတတ် တာတွေ၊ ပြောတော့လည်း တစ်လွဲပြောတာတွေ
အစရှိသဖြင့် ဆက်ဆံရေး ညံ့ဖျင်းမှုများကလည်း လုပ်ငန်းခွင်မှာ မတိုးတက်
စေပါဘူး။
လေ့လာဆည်းပူးမှု မရှိခြင်း
ဆက်လက်လေ့လာဆည်းပူးမှုမရှိဘူး။ လုပ်တဲ့အလုပ်မှာလဲ ပေးအပ်တဲ့ တာဝန်က လွဲလို့
ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှု မရှိရင်လည်း မတိုးတက် ပါဘူး။
...
လုပ်ငန်းခွင်မှာ မတိုးတက်စေမယ့် အချက်များကို ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/book/article/40657-why-you-failed-in-business.html
.