သုတ အချစ် ဘ၀ စာတိုပေစ
ဆီးပူတယ်ဆိုတာ ၂ချက် ဖြစ်နိုင်ပါတယ်။ ၁။အစားအသောက်၊
၂။ရောဂါပိုးဝင်လို့၊
နံပါတ်တစ် အချက်ကြောင့်ဆိုရင် မကြာခဏပြန်ဖြစ်တတ်တယ်။ဖျားတာ မရှိတတ်ဘူး။နေထိုင်မှု၊စားသောက်မှု
ပုံစံ
ပြောင်းပစ်ရတယ်။ ချဉ်တာ၊စပ်တာမျိုး အဓိက ရှောင်သင့်တယ်။ ကော်ဖီလက်ဖက်ရည်
ရှောင်ပေးရတယ်။ရေများများသောက်ရတယ်။ ပူတဲ့ဒေသတွေမှာ ရေတခုတည်းသောက်ရုံနဲ့
မလုံလောက်ဘူး။ ချွေးထွက်တဲ့အခါ ဓာတ်ဆားကိုပါ ဖြည့်တင်းရတယ်။ ဒါ့ကြောင့်
ဓာတ်ဆားရည်ကို ထည့်သောက်ပေးသင့်တယ်။
အကြံပြုချက်
-ရေတခုတည်း မသောက်ပါနဲ့။ ဓာတ်ဆားရေပါ သောက်ပါ။
-ချွေးထွက်သလောက် ကာမိအောင်သောက်ပါ။ အလွန်အကျွံသောက်တာလည်း မကောင်းပြန်ဘူး။
-အပူအစပ်၊အချဉ်ပါတာ၊ကော်ဖီ၊လက်ဖက်ရည် ရှောင်ပေးပါ။
-အက်ဆစ်ဓာတ်များတဲ့အခါ ဆီးပူတတ်တယ်။ အယ်လ်ကာလီ ပြန်ဖြည့်ပေးရတယ်။
-cital syrup(disodium hydrogen citrate)ကို တခါသောက် နှစ်ဇွန်း(10ml) ၊တနေ့ နှစ်ကြိမ် သောက်ပေးပါ။
-Kremil S(သို့)antacid ရနိုင်တဲ့ အစာအိမ်ဆေး တမျိုးမျိုး ဝါးစားပါ။ တနေ့၎-၅ကြိမ် ဝါးစားနိုင်တယ်။
-ဗိုက်နာရင် meftal-spas tab(dicyclomine 10mg+mefenamic acid 250) တနေ့ သုံးကြိမ် သောက်ပါ။
-မထွက်တာ တခုကို ဇွတ်ညှစ်ဖို့ မကြိုးစားပါနဲ့။
နံပါတ်နှစ်ကြောင့် ဖြစ်ရင် ဖျားတတ်တယ်။ အားယုတ်တာ၊နုံးချိ၊နေမကောင်း
ဖြစ်တတ်တယ်။ ဆီးသွားတဲ့အခါ ဆီးပူတတ်တယ်။ အထွက်ခက်သလို ဆီးကျန်နေသလို
ခံစားရတတ်တယ်။ ဆီးမသွားတာ ကြာလာတဲ့အခါ ပိုးတွေစုပြီး
ဆီးလမ်းကြောင်းပိုးဝင်လာတယ်။ ဆီးပူတာ၊အောင့်တာ တော်တော်နဲ့ မသက်သာတတ်ဘူး။
ဒါ့ကြောင့် ပိုးသတ်ဆေး တမျိုးမျိုးထည့်သောက်ပေးရတယ်။
အကြံပြုချက်
-နံပါတ်တစ် အကြံပြုချက်အတိုင်း လိုက်နာပြီး ဆေးတွေသောက်ပါ။
-ထပ်လိုလာတာက ပိုးသတ်ဆေးဖြစ်တယ်။ဆေးနှစ်မျိုး ပေါင်းသောက်သင့်တယ်။
-norbactin(norfloxacin 400mg) တနေ့နှစ်ကြိမ် ၅ရက် သောက်ပါ။
-metronidazole 400mgကို တနေ့ သုံးကြိမ် ၅ရက် သောက်ပါ။
-အများအားဖြင့် သက်သာကြပါတယ်။
လိုသေးရင်၊မသက်သာရင် ထပ်မေးပါ။ အဆင်ပြေပါစေ။
ဒေါက်တာ အေးမင်းထူး
၂၅.၆.၁၃
=======================================
ဆီးပူ ဆီးချုပ်ရောဂါ သက်သာပျောက်ကင်းဆေး
အပူအစပ် စားတာ များမယ်၊ ဆီးသွားချင်ပေမယ့် မသွားဘဲ အောင့်ထားမယ်၊ နေပူမိတာ
များမယ်၊ ဒီလိုဟာတွေကြောင့် ဆီးပူခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးကျန်ခြင်း
ဖြစ်ရတာပါ။
ဆီးပူ၊ ဆီးအောင့်၊ ဆီးကျန်ခြင်းဖြစ်လာရင် ခြေဖျားအထိ
ပူလာတယ်။ မျက်စိတွေ မှုန်လာတယ်။ ဆီးအပူအခိုးတွေ မှုတ်လို့ မျက်စိမှုန်လာခြင်း
ဖြစ်ပါတယ်။
မုရားကြီးရွက် (၂၅)ကျပ်သားကို ဒန်အိုးတခုမှာထည့်ပါ၊
ရေ မတ်ခွက် သုံးခွက်ထည့်ပါ။
ဒန်အိုးကို မီးဖိုပေါ် တင်ပါ။
ရေ မတ်ခွက် သုံး တခွက်တင်(ကျန်) ကျိုပါ။
မုရားကြီးရွက်ပြုတ်ရည် အေးသွားပြီဆိုရင် သကြား (၅)ကျပ်သား ထည့်ပြီး ညအိပ်ရာဝင်ချိန်မှာ သောက်ပါ။
ဆီးပူ၊ ဆီးအောင့်၊ ဆီးချုပ်၊ ဆီးကျန်ခြင်းရောဂါတွေ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
မုရားကြီးရွက်ပြုတ်ရည် နှစ်ရက် ဆက်သောက်ပါ။ သောက်တဲ့အခါ သကြားတွေ ရေထဲမှာ ပျော်ဝင်သွားအောင် မွှေနှောက်သောက်ပါ။
ဆီးရောဂါ မရှိတဲ့သူများ ဆီးအိမ်သန့်ရှင်းတဲ့အနေနဲ့ ဒီဆေးနည်းအတိုင်း
ပြုလုပ်ပြီး သောက်ပေးသင့်ပါတယ်။ တပတ်တခါ၊ တလတခါ သောက်ပေးရင်
ဆီးနဲ့ပတ်သက်တဲ့ ရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ် ပြီးသား ဖြစ်ပါတယ်။
ဆေးနည်းကို ပြောပြတဲ့ ဆရာကြီး ဦးစံသိန်း-ကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။
ကျန်းမာကြပါစေ။
( ဘမှီ-စည်သာ)
=========================================
ဆေးနည်း........
ဆီးကျန် ဆီးတစ်စက်စက်ကျရောဂါ ပျောက်တဲ့ ဆေးနည်းမှာ ကြက်သွန်ဖြူပြုတ်ရည်ကို သောက်ပါ။ မကြာခင် သက်သာပါလိမ့်မည်။
(payagyithartheinzaw)