ရှေးရှေးတုန်းက ဘ၀အခက်အခဲတွေကြောင့် မပျော်မရွှင် ဖြစ်နေတဲ့ လူငယ်လေးတစ်ယောက်ရှိတယ် ...။
အဲဒါကို ပညာရှိဆရာကြီးက မြင်တော့ ဖန်ခွက်တစ်ခွက်ထဲကို ဆားတစ်ဆုပ်ထည့် မွှေလိုက်ပြီး လူငယ်လေးကို သောက်စေတယ် ...။
"ဘယ်လိုအရသာရှိသလဲ" ဆိုပြီး ပညာရှိကြီးက မေးလိုက်တော့ ကောင်လေးက "ငန်လိုက်တာ ဆရာကြီးရာ" ဆိုပြီး ရှုံ့မဲ့ပြီး ဖြေသတဲ့ ....။
အဲတော့ ပညာရှိကြီးကလည်း နောက်ထပ် ဆားတစ်ဆုပ် ထပ်ယူပြီး ကောင်လေးကို ရေကန်ရှိရာကို ခေါ်သွားသတဲ့ ...။
ရေကန်စပ်လဲရောက်ရော ရေကန်ထဲကို လက်ထဲက ဆား ကျဲချလိုက်တယ် ...။ ပြီးတော့
ကောင်လေးကို ရေကန်ထဲက ရေကို သောက်ကြည့်ပါဦး ဆိုပြီး ပြောသတဲ့ ...။
ပြီးတော့ ပညာရှိကြီးက "ဒါရော ဘယ်လို အရသာရှိလဲ" ဆိုပြီး ထပ်မေးတယ် ...။
"ဒါတော့ ကောင်းပါတယ် ဆရာကြီး" လို့ကောင်လေးက ပြန်ဖြေတော့ ..... "ဆားအရသာ
ရသေးလားလို့" ပညာရှိကြီးက ထပ်မေးတယ် ... ကောင်လေးက "မရပါဘူး" ပေါ့ ...
အဲတော့ ဆရာကြီးက ကောင်လေးရဲ့ ဘေးမှာ ထိုင်လိုက်ပြီးတော့ ....
"ဘ၀ရဲ့ အခက်အခဲတွေ ဆိုတာဟာ ဆားနဲ့တူတယ် .... အပိုအလိုကို မရှိဘူး ... တကယ့်ဆားပဲ ...
အဲဒီ့အခက်အခဲတွေကြောင့် ရတဲ့နာကျင်မှု စစ်စစ်ဆိုတာ ဒီဆားကို ဒီအတိုင်းစားတဲ့ အရသာအတိုင်း တစ်ထေရာတည်းပဲ ...
ဒါပေမယ့် နာကျင်မှုကို ခံစားရမှု ပမာဏကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူကြဘူး ...
အဲဒါ ဘာအပေါ်မှာ မူတည်သလဲ ဆိုတော့ အဲဒီ့နာကျင်မှုလို့ခေါ်တဲ့ ဆားကို ထည့်မယ့်/ လက်ခံတဲ့ ခွက်အပေါ်မှာ မူတည်တယ် ...
ရှင်းအောင်ပြောရင် ဒါဟာ လူတွေရဲ့ စိတ်ထားတတ်မှု ရည်ညွှန်းတာပဲ ....။
အခက်အခဲတွေ့တိုင်း အဲဒီ့အခက်အခဲလေးတစ်ခုကိုပဲ စိတ်ရောက်ပြီး
ဖြေမဆည်နိုင်အောင် ခံစားနေရင် မင်းဘ၀မှာ ပျော်ရွှင်မှုကို တော်တော်ကြာကြာကို
ရှာတွေ့တော့မှာ မဟုတ်ဘူး ....
'လူတိုင်းက အခက်အခဲဆိုတာ
ရှိတတ်ပါတယ် ... ဒါကို ငါကြိုးစားပြီး ဖြတ်ကျော်မယ် ...
ဖြတ်ကျော်လို့မရတော့ရင်တောင် တခြားကောင်းမွန်တဲ့ လမ်းကြောင်းကို
ထပ်ပြီးရွေးချယ်ပြီး လုပ်ဆောင်မယ်' ဆိုတဲ့ စိတ်ကို မွေးထားရင်
နာကျင်မှုဆိုတာ ဘာလဲဆိုတာကို မေးရလောက်တဲ့ ဘ၀ကိုပိုင်ဆိုင်ရလိမ့်မယ် ...။
ဒါကြောင့် ဖန်ခွက်ဖြစ်နေတာကို ရပ်လိုက်ပါတော့ .... ရေကန်ဖြစ်အောင်သာ ကြိုးစားလိုက်စမ်းပါကွယ် ....။"
Credit > အလင်္ကာမေကျော် < thank reposted by Zg Mm