နာကျင်ခြင်းဆိုတာကိုသိမှ
ပျော်ရွှင်ခြင်းအစစ်ကို ရှာတွေ့လိမ့်မယ်
အမုန်းတရားရဲ့ခါးသီးမှုကိုသိမှ
ချစ်ခြင်းမေတ္တာရဲ့ ချိုမြိန်မှုကို သိလိမ့်မယ်
စွန့်လွှတ်ခြင်းရဲ့ အဓိပ္ပါယ်ကိုသိမှ
ကျန်ရစ်ခဲ့သူရဲ့ ဒါဏ်ရာကိုနားလည်နိုင်မယ်
ပေးဆပ်ခြင်းကိုနားလည်တတ်မှ
ရယူခြင်းကို စွန့်လွှတ်တတ်လိမ့်မယ် ။
သက်တန့်ချို