@@@ဆေးဖက်ဝင်အာနိသင်ရှိသောဒူးရင်းဩဇာ@@@
==============================
ဒူးရင်းဩဇာသည် အရသာအရှိဆုံးအသီးဖြစ်သည်။
ဒူးရင်းဩဇာကို မရင့်မှည့်ခင်ခူးဆွတ်ရပါသည်။ ရင့်မှည့်
ပြီးပါက သူ့အလိုလိုအောက်သို့ပြုတ်ကျသွား
သောကြောင့်ဖြစ်သည်။ ထိုသို့အောက်သို့ပြုတ်ကျသွားပါက အသီးသည် အညိုအမဲစွဲသွားပြီးမကောင်းတော့ပါ။
အခွံသည် ပါးပြီး ကတော့ပုံသဏ္ဍာန်ရှိသော နံရိုးနုငယ်လေးများဖြင့်ဖုံးအုပ်ထားသည်။
သစ်သီး၏အသားပိုင်းသည် အဖြူရောင်ဖြစ်ပြီး အရည်ပါဝင်မှုနှုန်းများသည်။
နှစ်လိုဖွယ်အရသာရှိပြီး အထဲရှိ အမဲရောင်အစေ့ကိုစားလို့မရပါ။
ဒူးရင်းဩဇာတွင်အစေ့နဲပါးသောအသီးမှာရှားပါးလှသည်။
ဒူးရင်းဩဇာသည် အရသာရှိပြီးကျန်းမာရေးအတွက်ကောင်းရုံသာမကအစာအိမ်ကင်ဆာ
အစာအိမ်ရောဂါအစရှိသော ရောဂါငယ်မှအူထဲရှိကပ်ပါးပိုးအထိ ရောဂါအမျိုးမျိုးကို
ကုသရာတွင်ဆေးဖက်ဝင်သည်။
အစေ့သည် အအန်ပျောက်စေသော ဂုဏ်သတ္တိပါဝင်သည်။
အရွက်၏အရည်သည် ခေါင်းပေါ်မှသန်းများကို ဖယ်ရှားပေးသည့်အပြင် ရောင်ရမ်းခြင်းကိုလျှော့ကျစေသည်။
လတ်ဆတ်သောအရွက်များသည် အရေပြားအပူလောင်ခြင်းကို လျင်မြန်စွာသက်သာအနာကျက်စေသည်။
အပင်၏အခေါက်သည် အဆိပ်အတောက်ကိုဖယ်ရှားပေးသည်။
ဒူးရင်းဩဇာ၏အပွင့်များသည် လည်ချောင်းထဲတွင်ချွဲများလွန်ကဲများပြားနေခြင်းကို လျှော့နဲစေသည်။
စိစိညှက်ညှက်ကျေအောင်ချေထားသော အရွက်များသည် ဝဲနှင်းခူရောဂါကိုသက်သာပျောက်ကင်းစေသည်သာမက အရေပြားပြသနာအမျိုးမျိုးကိုပျောက်ကင်းစေသည်။
ူလေးစားစွာဖြင့်
**လရိပ်အိမ်**