မှိုမှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူး
ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအစာများ ထဲမှာ မှိုက တစ်ခု အပါအဝင်ဖြစ် ပါတယ်။ မှိုဟာ အော်ဂဲနစ် ပစ္စည်းများ ကြွယ်ဝတဲ့ အလွှာပေါ်မှာ
ပေါက်ရောက်ပြီး မှိုကိုစိုက်ပျိုးတဲ့ အခါ ပိုးသတ်ဆေး Pesticides သုံးစွဲလေ့
မရှိပါဘူး။ Pesticides တွေက မှိုပွင့်ဖြစ်လာမယ့် မျိုးစေ့တွေကို
ဖျက်ဆီးပစ်နိုင်လို့ ဖြစ်ပါတယ်။ မှိုတွေဟာ ပိုးသတ်ဆေးမပါဝင်တဲ့အပြင်
သံဓာတ်နဲ့အသားဓာတ် (ပရိုတင်း) ကြွယ်ဝလှပါတယ်။
မှိုဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဖြစ်ရုံ သာမက လူရဲ့ကိုယ်ခံစွမ်းအား
စနစ် ( Immume System ) ကိုလည်း မြှင့်တင်ပေးပြီး
ကူးစက်ရောဂါပိုးမွှားများမှ ကာကွယ်ပေး ပါတယ်။ ဒါ့အပြင် မှိုမှာ ပါဝင်တဲ့
ဒြပ်ပေါင်းအချို့ဟာ ရင်သား ကင်ဆာကဲ့သို့သော ရောဂါများကို တိုက်ထုတ်နိုင်
ပါတယ်။
ဒါပေမယ့် ယနေ့အခါမှာ စီးပွားဖြစ် မှိုစိုက်ပျိုးတဲ့ သူတွေဟာ
မှိုတွေကို မသေစေနိုင်တဲ့ ပိုးသတ်ဆေးတွေကို သုံးစွဲလာကြ ပါတယ်။ ဒါကြောင့်
မှိုရဲ့ ကျန်းမာရေး ကောင်း ကျိုးတွေကို ရယူလိုပြီး ပိုးသတ်ဆေးတွေရဲ့
ဓာတုအဆိပ်ဓာတ်ကို မလိုချင်တဲ့ သူများအနေနဲ့ အော်ဂဲနစ်မှိုများနဲ့
သဘာဝအတိုင်း တောထဲက ရရှိတဲ့ မှိုများကို ရွေးချယ်စားသုံးနိုင် ပါတယ်။
BY HEALTH DIGEST