လေ့ကျင့်ခန်း လုံးဝ မလုပ်သူများတွင် အသားအရေ ပွခြင်း၊ အမော မခံနိုင်ခြင်း၊ အရေပြား တွဲခြင်း၊ လှုပ်ရှားမှု လေးတွဲခြင်း၊ အသား
အရေ
ညစ်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ အစာချေဖျက်မှု မကောင်းခြင်း၊
လေဖြတ်လွယ်ခြင်း၊ ကိုယ်ခံအား မကောင်းခြင်း၊ သွေးလှည့်ပတ်မှု မကောင်းခြင်း၊
ခန္ဓာကိုယ် အစိတ်အပိုင်းများ နာကျဉ် ကိုက်ခဲလွယ်ခြင်းတို့ ဖြစ်စေတတ်သည်။
အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ အမျိုးမျိုး ရှိသူများတွင်လည်း ပုံမှန်
လေ့ကျင့်ခန်း လုပ်သင့်သည်။ ထိုမျှ မက အညောင်းထိုင်၊ အသည်းအဆီဖုံး၊
ကျီးပေါင်း၊ ဒူးနာ၊ ခါးနာသည့် လူများတွင်လည်း မိမိတို့၏ ခံနိုင်စွမ်းရည်၊
ရောဂါ လက္ခဏာ၊ အသက်၊ အခြေအနေ အလျောက် နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းများ
ပြုလုပ်သင့်သည်။ ခန္ဓာကိုယ် လှပ ကျစ်လစ်စေဖို့ ကောက်ကြောင်းများ ပေါ်ဖို့၊
ဗိုက်(၆)ရစ်ရှိဖို့ စသည်တို့လည်း အခြေခံအားဖြင့် လေ့ကျင့်ခန်း
ပြုလုပ်ခြင်းပေါ် မူတည်သည်။
လေ့ကျင့်ခန်း လုံးဝမရှိသူများ အဖို့
ကြွက်သားများ ချိနဲ့ခြင်း၊ အကြောများ ပုံမှန် မပွင့်ခြင်းစသည့် ပြဿနာများ
ရှိစေနိုင်သည်။ အနှေးပြေးခြင်း၊ လမ်းလျှောက်ခြင်းက ဆိုးဝါးသော ကိုလက်စထရော
LDL Level ကို ကျစေသည်။ စိတ်ပင်ပန်းမှုကို တိုက်ထုတ်ဖို့ရန်မှာ လေ့ကျင့်ခန်း
ပုံမှန် လုပ်ခြင်း၊ အားကစား တစ်ခုခု ပြုလုပ်ခြင်း ရှိဖို့ လိုသည်။
အရိုးသိပ်သည်းဆ အတွက် အရိုးများကို ကာကွယ်ရန်၊ သန်မာစေရန် ကိုယ်လက်
လှုပ်ရှားမှု၊ ကယ်စီယမ်၊ ပိုတက်စီယမ်များ စားသုံးရန် လိုသည်။ စိတ်ခံစားမှု
Mood issue များအတွက် Endorphins ဟိုမုန်းကိုမြှင့်ပေးပြီး Cortisol Level
ကျစေရန် ပုံမှန် လေ့ကျင့်ခန်း လုပ်ရမည်။
ထူး
Health Updates Journal