လူဖြစ်ရတဲ့ ရည်မှန်းချက်
^^^^^^^^^^^^^^
ဘ၀တစ်လျှောက်မှာ အလုပ်တွေ အများကြီးလုပ်ကြရတယ်။ သူ့ နေရာနဲ့ သူ၊ သူ့ ရည်မှန်းချက်နဲ့ သူပေါ့။ မတူညီတဲ့ ရည်မှန်းချက်
တွေကိုစီရှိကြတယ်။ လောကထဲမှာလည်း တာဝန်ယူကြတဲ့ အပိုင်းတွေ မတူညီကြဘူး။ သို့ သော် လက်တစ်ဖက်ရဲ့ အားကိုတော့
အများအကျိုးအတွက် ထားစေချင်ပါတယ်။ သူများကို ထူပေးခြင်းဖြင့် မိမိကိုလည်း ဆွဲထူပေးမယ့်သူ ရှိလာပါလိမ့်မယ်။
မိမိမှာရှိတဲ့ လက်နှစ်ဖက်ရဲ့ အားကို တစ်ဝက်ပဲ မိမိ အတွက် အသုံးပြုပါ။ တစ်ဝက်ကို မိမိ ပတ်ဝန်းကျင်ကို အလှဆင်ပေးလိုက်ပါ။
လက်တစ်ဖက်က ရယူခြင်း၊ တစ်ဖက်က ပေးဆပ်ခြင်းပေါ့။ ဘ၀မှာ အမြဲတမ်း ရယူနေနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့်
ပေးဆပ်ခြင်းလည်း ရှိရပါတယ်။ ပေးဆပ်ခြင်းဆိုတာ မိမိပတ်ဝန်းကျင်ကို လက်ကမ်းပေးခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။
လောကမှာ ရယူလိုက်ခြင်းဖြင့် ရရှိလာတဲ့ အရာတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေသာဖြစ်ပြီး ဖြစ်နေပြီး၊ ပေးဆပ်ခြင်းဖြင့် ရရှိလိုက်တဲ့
အရာတွေကတော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို ရရှိတာ တွေရပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ ရင်ထဲက အရာအား
လုံးကို ရရှိဖို့ ဆိုရင် ပေးဆပ်ခြင်းဖြင့်သာ ရယူနိုင်မှာပါ။
ကိုယ်လည်း ကောင်းအောင်နေရသလို၊ ကိုယ့်ရဲ့ အသိုင်းဝိုင်းကိုလည်း ကောင်းအောင် ဆွဲခေါ်နိုင်ရမယ်။ ဒါဟာ တနည်းအားဖြင့်
ကုသိုလ်ဖြစ် အလုပ်တစ်မျိုးပါပဲ။ မြင်မြင်သမျှလှနေမှ လောက တစ်ခုလုံး လှနေမှာ ဖြစ်ပါတယ်။ အတ္တနဲ့ ပရကို လူ့ ဘ၀မှာ မျှတ
စွာ အသုံးချရမှာ ဖြစ်ပါတယ်။ ဒါဟာ အားလုံး တူညီရမယ့် လူဖြစ်ရခြင်းရဲ့ ရည်မှန်းချက်ပဲ ဖြစ်သင့်ပါတယ်။
True Man
https://www.facebook.com/zarnibwar427