သွားနာခြင်းကိုပြေပျောက်စေမယ့် နည်းလမ်းအသွယ်သွယ်
==================================
အနာမျိုး (၉၆) ပါးထဲမှာ ခံစားရခက်ခဲတဲ့ သွားရောဂါဝေဒနာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ
်။
သွားပိုးစား၍ သွားကိုက်တာမျိုး မဟုတ်ဘဲ၊ အပူကန်ခြင်း၊ ၀မ်းချုပ်ခြင်း၊
သွားဖုံးနာခြင်း၊ သွားဖုံးပြည်ယိုခြင်း၊ သွားဖုံးသွေးယိုခြင်း၊ သွားနဲ
့ခြင်း၊ မှက္ခရုနာများ၊ ရေခဲတုံး(သို့ မဟုတ်)အစာမာမာ ဖိကိုက်မိခြင်း စတဲ့
ခံတွင်းရောဂါအမျိုးမျိုးတို့ ကြောင့် သွားနာရောဂါ ဖြစ်တတ်ပေရာ အောက်ပါ
ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများဖြင့်
သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၁) ရေနွေးနွေးလေးထဲမှာ ဆားနဲနဲခပ်၊ tea tree
oil(ခေါ်)လ္ဘက်စိမ်းရွက်အဆ်ီထဲ့ပြီး၊ အာလုပ်နာနာကျင်းပေးပါ။ (tea tree oil
ကို city mart ဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်)
လ္ဘက်ခြောက်ရေနွေးကြမ်းငုံပေးခြင်းကလည်း သွားနာ၍ထုံ ကျင်ခြင်းကို
သက်သာလာစေပါတယ်။
(၂) ကြက်သွန်ဖြူ နဲ့  လေးညှင်းပွင့်များကည်း
သွားနာခြင်းကို သက်သာစေပါတယ်။ ကြက်သွန်ဖြူကိုညက်ညက်ထောင်း၍
နာနေတဲ့သွားပေါ်အုံပေးပါ (သို့ မဟုတ်) လေးညှင်းပွင့်ငုံထားပါ။
(၃)
နာနေတဲ့သွားရဲ့ ပါးပြင်ကို အပေါ်ကနေရေခဲအိတ်ကပ်ပေးပါ။ ဒီနည်းက
သွားနာခြင်းကိုသက်သာစေတဲ့အပြင် ရောင်ကိုင်းမှု ကိုပါ ပြေလျော့စေပါတယ်။
(၄) သစ်ကြပိုးခေါက် နဲ့  မုန့် ဖုတ်ဆော်ဒါ တွေကလည်း သွားနာခြင်းအတွက် ဆေးကောင်းလေးတွေပါဘဲ။
(၅) ၁၉၉၃-၁၉၉၄ ခုနှစ်ကာလများမှာ တိုင်းရင်းဆေးသုတေသီနဌာနခွဲနဲ့ 
သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်တို့  ပူးပေါင်း၍ သုတေသနတွေ့ ရှိချက်အရ
ဒန္တသုခပြုတ်ရည် ၁ ရာခိုင်နှုန်း ငုံဆေးရည်ရဲ့ အကျိုးအာနိသင်ဟာ ၀.၀၂
ရာခိုင်နှုန်း Chlorhexidine gluconate ငုံဆေးရည်နဲ
့အကျိုးအာနိသင်တူညီကြောင်း တွေ့ ရှိပြီးဖြစ်ပါတယ်။ ၄င်းပြုတ်ရည်ကို
ငုံထွေးခြင်းဖြင့် သွားကျောက် တည်ခြင်း၊ သွားဖုံးရောင်ခြင်းကိုပါ
သက်သာပျောက်ကင်းနိုင်ပါတယ်တဲ့။ ဒါ့ပြင် သွားနာခြင်းစတဲ့သွားရောဂါ
အမျိုးမျိုးတို့ အတွက် ဒန္တသုခအရွက်သတ္တုရည်ညှစ်၍ လိမ်းပေးပါ (သို့ မဟုတ်)
အရွက်/အကိုင်း/အခြောက်ခံကာ ရေနွေးကြမ်းကဲ့သို့ သောက်ပေးပါ။
(၆)
သွားဖုံရောင်၍ သွားနာခြင်းအတွက် နနွင်းမှုန့် နှင့်
ရေနွေးဖျော်၍ငုံပေးခြင်း၊ နနွင်းမှုန့် ထဲဆားထည့်၍သောက်ပေးခြင်း၊
သွားအောက်ခြေတွင် နနွင်းမှုန့် သိပ်ပေးခြင်း စသည်ဖြင့်ပြုလုပ်နိုင်ပါတယ်။
(၇) သွားနဲ့ သွားဖုံးရောဂါအမျိုးမျို့းတို့ အတွက် ဖန်ခါးသီး ကိုထောင်း၍
ရေအေးစိမ်ပြီး၊ ငုံထွေးဆေးရည်အဖြစ်သုံးနိုင်ပါတယ်။ (ရေခဲရေမဟုတ်ပါ)
(၈) တမာရွက်ခြောက်မှုန့်ကို သိန္ဒောဆား ဆတူကြိတ်ပြီး
နံက်တိုင်းသွားတိုက်ပေးခြင်းဖြင့် သွားနာ၊ သွားကိုက်၊ သွားပိုးစား၊
သွားဖုံးရောင်၊ ခံတွင်းပုပ်ရေဂါ စတဲ့ခံတွံင်းရောဂါများအပြင်
နှုတ်မမြိန်သောရောဂါတို့ ကိုပါ ပျောက်ကင်းစေပါတယ်။
(၉) သွားနာ၊
သွားဖုံးရောင်၊ သွားဖုံးပြည်ယို ရောဂါများကို မာလကာခေါက်ပြုတ်ရည်
ငုံပေးခြင်း (သို့ မဟုတ်) မာလကာသီးအစေ့ မှုန့် ကို သွားအောက်ခြေ(သွားခြေ)
တွင်သိပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
(၁၀) သွားဖုံးသွေးထွက်တတ်သူများ သံပုရာရည်ကို နေ့ စဉ် မှန်မှန်သောက်ပေးပါ။
(၁၁) သင်္ဘောဆီး(အစေး)များက သွားနာ၊ သွားကိုက်ရောဂါအတွက် ဆေးဘက်ဝင်လှပါတယ်။
(၁၂) ကြိတ်မှန်ရွက်ကို အမှုန့် ထောင်း၍ရလာသော အမှုန့် လ္ဘက်ရည်ဇွန်း
၁-ဇွန်းစာကို နွားနို့  ၁-ဖန်ခွက်ဖြင့် ညအိပ်ယာဝင်ခါနီး တိုင်း ၁-လကြာအောင်
သောက်ပေးခြင်းဖြင့် ယိုင်နဲ့ နေသောသွားများကို ခိုင်မာလာစေပါတယ်။
(၁၃) နတ်ဆေးဂမုန်းကို လှီး၍အခြောက်ပါ။ သွာကိုက်၊ သွားနာ၊ သွားနဲ့ ၊
သွားဖုံးရောင်ခြင်းတို့ အတွက် အိပ်ယာဝင်ခါနီးတိုင်း ထို
နတ်ဆေးဂမုန်းအခြောက်ကို ကွမ်းဝါးသကဲ့သို့ ငုံထားပါ။ ၄င်း
နတ်ဆေးဂမုန်းအပင်မြစ်ကိုလည်း ကျကျပြုတ်၍ ငုံပေးပါ။ နံက်အိပ် ယာထတဲ့အခါ
နာကျင်ခြင်းဝေဒနာများ သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။
(၁၄) သွားဖုံးရောင်ခြင်းနဲ့  သွားရောဂါ အမျိုးမျိုးတို့ အတွက် ပူစီနံရွက် သတ္တုရည်ကို ပါးစပ်ထဲထဲ့ပေးပါ။
(၁၅) ပျဉ်းတော်သိမ် အရွက်၊ အခေါက်တို့ ကို ဆားအနည်းငယ်ထည့်၍ ပြုတ်သောက်ပေးခြင်းဖြင့် သွားနာခြင်းကို သက်သာ ပျောက်ကင်း စေပါတယ်။
(၁၆) လယ်ပတူမျိုးနွယ်ဝင် မုရားကြီးရွက် ကို အရိပ်(နေရိပ်)မှာအခြောက်ခံစေ၍
ပြာချပါ။ ထိုပြာကိုညက်အောင်ပြု၍ နာနေတဲ့ သွားအောက်ခြေမှာ သိပ်ပေးပါ။
(၁၇) သလဲသီးခွံကို ဆားနဲ့ ပြုတ်၍ငုံပေးခြင်းဖြင့် သွားဖုံးပြည်ယိုခြင်း၊
သွားဖုံးသွေးထွက်ခြင်း နဲ့ သွားနာခြင်းတို့ ကို ပျောက်ကင်း စေနိုင်ပါတယ်။
(၁၈) သွားဖုံး နှင့်ပတ်သက်သော ရောဂါအမျိုးမျိုးတို့ အတွက် မဲဇလီအပွင့် နဲ့ 
အရွက်တို့ ကို နွမ်းဖတ်သွားတဲ့အထိ ခပ်ကျကျ ပြုတ်၍ငုံပေးခြင်းဖြင့်
သက်သာပျောက်ကင်းစေပါတယ်။
(၁၉) သွားနာ၊ သွားကိုက်ခြင်းအတွက်
ကုက္ကိုစေ့ ၁၀-စေ့ ကို ငရုပ်ကောင်း ၅-စေ့ ဖြင့်ညက်နေအောင်ကြိတ်ချေပြီး သွား
အောက်ခြေမှာသိပ်ပေးပါ။ ကုက္ကိုပင် အမြစ်၊ အခေါက်တို့ ကို
အရိပ်(နေရိပ်)မှာအခြောက်လှမ်း၊ အမှုန့် ကြိတ်၍ ယိုင်နဲ့ နေတဲ့သွား
အောက်ခြေမှာ တနေ့ ၂-ကြိမ် သိပ်နယ်ပေးပြီး ငုံထားပါ။
သွားဖုံးရောင်ခြင်းအတွက် ကုက္ကိုခေါက်ပြုတ်ရည်ကို ငုံထားပေးပါ။
(၂၀) မြတ်လေးပန်းပင်၏ အရွက်ကိုပြုတ်ရည်ကို ငုံဆေးအဖြစ် ငုံထားပေးခြင်းဖြင့် သွားနာပျောက်ကင်းစေပါတယ်။
(၂၁) ရဲယိုသီး မမှည့်တမှည့်ကို မီးဖုတ်၍ ဆားသင့်ရုံထဲ့ကြိတ်ပြီး
သွားတိုက်ပေးခြင်းဖြင့် သွား နှင့် သွားဖုံးတို့ ကိုခိုင်မာစေပါတယ်။
သွားဖုံးရောင်ခြင်းအတွက်လည်း ရဲယိုသီး မမှည့်တမှည့် ၁-လုံးကို မီးဖုတ်ပြီး
ဆားရောနယ်စားပေးပါက သက်သာပျောက်ကင်း စေပါတယ်။
(၂၂) ခရေပင်ရဲ့  အသီး
(ခရေသီး) ကိုြ့ပုတ်၍ ငုံပေးခြင်းဖြင့် သွာကိုက်၊ သွားနာ သွားဖုံးနာ
ရောဂါတို့ ကို ပျောက်ကင်းစေပါ တယ်။ ခရေခေါက်၊ ဆီးဖြူခေါက်နဲ့ 
ရှားပင်အခေါက်တို့ ကို (၃)မျိုးရောပြုတ်၍ နေ့ ဘက် ၄-ကြိမ် (သို့ မဟုတ်)
၅-ကြိမ်လောက် ငုံထွေးပစ်ဖြင်းဖြင့် မှက္ခရုပေါက်ခြင်း၊ သွားဖုံးရောင်ခြင်း
နဲ့  ခံတွင်းနာ အားလုံး သက်သာပျောက်ကင်းပြီး သွာများခိုင်မာလာ စေပါတယ်။
ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။
(ပေါက်ပေါက်…..မျှဝေသည်)
--
promise.pauk