အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း လေပွခြင်း
=============================
အစာအိမ်နှင့် အူလမ်းကြောင်းက အစားအစာချေဖျက်သည့်အခါ ဂက်စ်များထွက်လာသည်။ ထိုဂက်စ်များကြောင
့် ဗိုက်ပွစေပြီး ပြင်ပသို့ စွန့်ထုတ်ပေးမှသာ ဂက်စ်များ လျော့နည်းနိုင်သည်။
တစ်နေ့လျှင်ခြောက်ကြိမ်မှ အကြိမ်(၂၀)အထိ လေလည်ခြင်းသည် ပုံမှန်ဖြစ်သည်။
မျိုချစဉ်ရောပါသည့်လေ၊ အစားအစာနှင့် ဖျော်ရည်၊ ၀မ်းချုပ်ခြင်း၊ ဆေးဝါး၊
ဓာတ်စာ၊ အူရောင် ရောဂါ၊ အူလမ်းကြောင်းကျဉ်းခြင်း၊
ဟော်မုန်းအပြောင်းအလဲရှိခြင်းတို့ကြောင့် အူလမ်းကြောင်းအတွင်း
ဂက်စ်ထလာတတ်သည်။
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ သခွားသီး၊ ငရုတ်သီးစိမ်း၊
ကြက်သွန်နီ၊ ပဲ၊ အာလူး၊ ကညွတ်၊ မုန်လာဥ၊ ကွမ်းသီး၊ ဆီးသီး၊ ငှက်ပျောသီး၊
မက်မွန်သီး၊ သစ်တော်သီး၊ မက်မန်းသီး၊ ပန်းသီး၊ ဂျုံ၊ ဥ၊ ကာဗွန်ပါသည့်
အချိုရည်များ၊ သစ်သီးဖျော်ရည်များ၊ ဘီယာ၊ ၀ိုင်နီ၊ အကြော်အလှော်များ၊
သကြား၊ နို့တို့ကြောင့် လေပွတတ်သည်။ နို့၊ ပေါင်မုန့်၊ ကွေကာအုတ်၊
အသုတ်တို့ကဲ့သို့ လက်တို့စ်ဓာတ်ပါဝင်သောအစားအစာများကို ချေဖျက်ရန်
လက်တေ့စ်အင်ဇိုင်းမရှိသူများ တွင်လည်း လေပွတတ်သည်။
လေပွပြီး
မစွန့်ထုတ်နိုင်ပါက ဗိုက်နာခြင်း၊ အစာမစားနိုင်ခြင်းတို့ ဖြစ်တတ်သည်။
လေပွတတ်သူများသည် လေလည်ပေးရန်လိုသည်။ လူ အများကြား၌ဖြစ်စေ၊ ခရီးသွားစဉ်ဖြစ်
စေ၊ လေလည်ရန်မလွယ်ပါက လေပွတတ်သည့် အစားအစာများကို
ဆင်ခြင်စားသုံးရန်လိုသည်။
Semithacone ပါဝင်သော
ဆေးများသောက်သုံးခြင်းဖြင့်လည်း လေထိုး၊ လေအောင့်သက်သာစေသည်။
ကလေးငယ်များအတွက် Semithacone ဆေးရည်၊ လူကြီးများ အတွက် ဆေးပြားစသည်ဖြင့်
သုံးစွဲနိုင်သည်။
ဂက်စ်ပူဖောင်းများကို Semithacone က ချေဖျက်ပေး နိုင်သောကြောင့် လေနာထတတ်သူများ ဆောင်ထားသင့်သည်။
ဇော်ဂျီဇီဝက-တိုင်းရင်းဆေး မှ ပြန်လည်မျှဝေပါသည်။
ဇော်ကို
Ref; WebMD
credit to Health Updates Journal No. 103