ချယ်ရီသီးစားပါ။
အစာစားပြီးလို့မှ မကြာခင်မှာ ဗိုက်ဆာသလို ဖြစ်နေသလား၊ အိပ်ရေးမဝတဲ့ အတွက်
ခန္ဓာကိုယ်တွင်းမှာ Leptin အဆင့်တွေ ကျဆင်းနေတာကြောင့်ပါ။ Leptin ဆိုတာဟာ
သင့
်ဗိုက်ပြည့်တင်းတာကို
သိရှိနိုင်တဲ့ဟော်မုန်းပါ။ ချယ်ရီသီးဖျော်ရည် သောက်ပေးရင် ဆာလောင်တာ
လျော့သွားနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
ချယ်ရီသီးမှာ မယ်လတိုနင်တွေ များစွာပါဝင်ပါတယ်။ မယ်လတိုနင်ဆိုတာဟာ
သင်မြန်မြန်အိပ်ပျော်စေနိုင်တဲ့ ဟော်မုန်းပါ။ ဒါ့အပြင် ချယ်ရီသီးမှာ
ရောင်ရမ်းမှု ပျောက်စေတဲ့ ဒြပ်ပေါင်းတွေ များစွာပါဝင်တာမို့
နာကျင်ညောင်းညာတဲ့ဝေဒနာတွေ ပျောက်ကင်းစေတာကြောင့် နှစ်နှစ်ခြိုက် ခြိုက်
အိပ်ပျော်နိုင်ပါတယ်။
Ref: Good Health