နွေရာသီ ပြန်ရောက်ပြီဆိုတော့ ရာသီစာ အသီးအနှံများကို စားပေးဖို့ လိုလာပြီနော်။ ဒါက ခန္ဓာကိုယ်တွင်း အပူချိန်ကို ရာသီဥတုနှင့်အညီ ထိန
ရေဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေက ကြည့်လိုက်တာနဲ့ တကယ်စားချင်စရာတွေပါ။
- ဖရဲသီး
ရေဓါတ်ကြွယ်ဝသည့်အပြင် ဗီတာမင် အေ၊စီပါ ကြွယ်ဝသည့်အတွက် ဒီအသီးအနှံက စားသင့်တဲ့ ရာသီစာ တခုပါပဲ။
ဖရဲသီးကို ဖျော်ရည်ပဲ ဖြစ်ဖြစ်၊ သည်အတိုင်းစားရင်ဖြစ်ဖြစ် မနှစ်သက်တဲ့သူက
အတော်ရှားမှာပါ။ ဒါ့အပြင် သင့်ရဲ့ ကယ်လိုရီ ခြေဖျက်မှုကိုလည်း
ကူညီပေးနိုင်တဲ့ အသီးအနှံဖြစ်ပါတယ်။
- စတော်ဘယ်ရီ
ဗီတာမင်
စီဓါတ် ကြွယ်ဝတဲ့အပြင် အမျှင်ဓါတ်ပါဝင်နှုန်းလဲ မြင့်တဲ့ အသီးအနှံပါ။
ဒါ့အပြင် ခန္ဓာကိုယ်အတွင်း ဆဲလ် အသစ်ဖြစ်ထွန်းခြင်းနှင့်
ကင်ဆာရောဂါအချို့ကို
ကာကွယ်ပေးပြန်တယ်လို့ ဆိုပါတယ်။
တခြား ဘယ်ရီ အမျိုးအစားဖြစ်တဲ့ Raspberries နှင့် Blueberries တွေကလဲ အာဟာရပြုဓါတ်အပြင်
အသည်းရောဂါ၊ အယ်ဇိုင်းမားလို ရောဂါတွေကိုပါ သက်သာစေပါသတဲ့။
- ကီဝီ
ကီဝီသီးကလဲ နွေရာသီမှာ စားသင့်တဲ့ အသီးအနှံ တစ်မျိုးပါ။ သူကတော့ ဗီတာမင်
စီနှင့် ကေဓါတ်ပေါများပြီး အရိုးအဆစ်အတွက် ကောင်းမွန်စေတယ်လို့ သိရပါတယ်။
- သေဘာၤသီး
မြန်မာလူမျိုးတိုင်းက သင်္ဘောသီးကို အထူးနှစ်သက်သူတွေလို့ ထင်ပါတယ်။
သဘောင်္သီးအစိမ်းကို သုပ်စား၊ချက်စားနိုင်သလို သင်္ဘောသီးအမှည့်က ကျန်းမာရေးကို
အတော်လေး အထောက်ကူပြုစေပါတယ်။
သေဘာၤသီးမွည့္က
ဝမ်းချုပ်တတ်သူတွေအတွက် အထူးကောင်းမွန် သလို၊ နေ့တိုင်း စားပေးပါက
ဝမ်းမှန်ပြီး အပူကိုပါ ငြိမ်းစေတဲ့ အတွက် နွေရာသီမှာ ပုံမှန်စားသင့်တဲ့
အသီးအနှံ တစ်မျိုးပါပဲ။
----------
AkaRy (
www.mmsocialsky.com)
Ref: wiki