မြ၀တီ
အနီရောင
်ဝိုင်တွင် ပါရှိသော ဒြပ်ပေါင်း တစ်မျိုးကို အသုံးပြု၍ ထုတ်လုပ်ထားသည့်
ဆေးဝါးသစ် အသက် ၁၅ဝ နှစ်အထိ နေနိုင်အောင် အထောက်အကူပေးနိုင်
အနီရောင် ဝိုင်တွင် တွေ့ရှ
ိသော
resveratrol ဒြပ်ပေါင်းတစ်မျိုးကို အသုံးပြု၍ ထုတ်လုပ် ထားသော
ဆေးသစ်တစ်မျိုးသည် အိုမင်းရင့်ရော်မှုကို တိုက်ဖျက် နိုင်စွမ်းရှိ သည့်အပြင်
SIRT 1 ဟုခေါ်သော ပရိုတိန်း ဓာတ်၏ စွမ်းဆောင်ရည်ကို တိုးမြှင့်
နိုင်သောကြောင့် လူအများကို အသက် ၁၅ဝ နှစ်အထိ နေနိုင်အောင် အထောက်အကူပြု
နိုင်ကြောင်း သုတေသန ပညာရှင် များလေ့လာမှုတွင် တွေ့ရှိခဲ့သည်။
ဆေးဝါး ထုတ်လုပ်သည့် အဖွဲ့ကြီး တစ်ဖွဲ့ဖြစ်သော GlaxoSmith- Kline အဖွဲ့သည်
နှလုံးရောဂါ၊ ဆီးချို၊ ကင်ဆာရောဂါ အပါအဝင် အခြားရောဂါ ခံစား နေရသူများကို
စမ်းသပ်မှုများ ပြုလုပ်လျက် ရှိသည်။
ယင်းစမ်းသပ်မှုသည် ခန္ဓာကိုယ်
အတွင်းရှိ အိုမင်း ရင့်ရော်မှုကို တိုက်ဖျက် နိုင်စွမ်းရှိသော အင်ဇိုင်းကို
ပစ်မှတ် ထားလုပ် ဆောင်သွားမည် ဖြစ်ပြီး အိုမင်းရင့်ရော်မှု ကိုကာကွယ်
နိုင်မှုနှင့် သက်တမ်း ကြာရှည်စွာနေ ထိုင်နိုင်မှုကို သက်သေ ပြသွားမည်
ဖြစ်သည်။
ဆေးဝါး ၁၁၇ မျိုးအနက် တစ်မျိုးစီကို အသုံးပြု၍ အိုမင်း
ရင့်ရော်မှုကို တိုက်ဖျက် နိုင်စွမ်း ရှိသော အင်ဇိုင်းအပေါ် လေ့လာမှု
ပြုခဲ့ကြပြီး အိုမင်း ရင့်ရော်မှုကို တိုက်ဖျက် နိုင်သည့် ဆေးဝါးအသစ်က
အမျိုးအစား (၂) ဆီးချိုရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါနှင့် ကင်ဆာ
ရောဂါများကို ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။
ယင်းဆေးဝါးများသည်
အိုမင်း ရင့်ရော်မှုကို ကာကွယ်ကုသ ပေးနိုင်သည့် အပြင် အခြားရောဂါ ၂ဝ
မျိုးကိုလည်း ကာကွယ် နိုင်ကြောင်းနှင့် ယနေ့ အသုံး ပြုနေသော
ဆေးဝါးများနှင့် တူညီမှု မရှိကြောင်း ဟားဗတ် တက္ကသိုလ် အခြေစိုက် မျိုးရိုး
ဗီဇဆိုင်ရာ ပါမောက္ခ ဒေးဗစ်ဆင် ကလဲယားက ပြောကြားသည်။
ကယ်လိုရီ
ထိန်းချုပ်ခြင်းနှင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းများက SIRT 1 အင်ဇိုင်း
၏စွမ်းဆောင် ရည်ကို တိုးမြှင့် ပေးနိုင်သည့် အပြင် resveratrol ဒြပ်ပေါင်း၏
စွမ်းဆောင်ရည် ကိုလည်း တိုးမြှင့်နိုင်သည်။
resveratrol
ဒြပ်ပေါင်းကို ဆယ်စုနှစ် တစ်ခုကြာ သုတေသန ပြုမှုများ ပြုလုပ်ခဲ့
သော်ငြားလည်း ယခုအချိန် အထိ သိပ္ပံပညာရပ် အပေါ် အခြေခံ၍ အငြင်းပွားမှု
များရှိနေသည်။
resveratrol ဒြပ်ပေါင်းနှင့် ပတ်သက်ပြီး
အငြင်းပွားမှုများ ရှိနေသော် ငြားလည်း အူမရောင်နာ၊ အဆစ်ရောင် ရောဂါ၊
အရေပြားတွင် အနီပိမ့်များ ထသော ရောဂါကဲ့ သို့သော ရောင်ရမ်း စေသော
ရောဂါများ၊ အိပ်မပျော်သော ရောဂါ၊ ကြွက်သားအား နည်းမှုရောဂါ၊ အရိုးပွခြင်း၊
မျက်စိတိမ် ဖြစ်ခြင်း၊ အသည်းအဆီဖုံး ရောဂါ၊ အယ်လ်ဇိုင်းမားနှင့်
ပါကင်ဆန်ရောဂါ၊ အမျိုးအစား (၂) ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ နှ လုံးသွေး
ကြောရောဂါနှင့် ကင်ဆာ ရောဂါများ အပေါ် ယင်းဒြပ်ပေါင်းကို အသုံးပြု၍
စမ်းသပ်မှု များပြုလုပ်ခဲ့ရာ အလားအလာ ရှိသော ရလဒ်များရရှိခဲ့သည်။