ၾသစေတးလ်မွ အလြန္လွပေသာ ပန္းေရာင္ေရကန္
Hillier လို႔ အမည္တြင္တဲ့ ပန္းေရာင္ေရကန္ဟာ ၾသစေတးလ်နိုင္ငံမွာ တည္ရိွပါတယ္။ အလြန္ပင္ ထူးျခားေသာ ေရကန္တစ္ခုပင္ ျဖစ္ပါတယ္။
ထိုကန္သည္ ကြ်န္း၏ အလယ္တြင္ ျဖစ္ေပၚေနျခင္း ျဖစ္ပါတယ္။ ၎ေရကန္မွာ ရိွတဲ့
ေရအားလံုးဟာ ပန္းေရာင္ျဖစ္ေန ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ထိုကန္အတြင္းမွ
ေရညိွမ်ားဟာ ေရကန္ရိွ ေရမ်ားကို ပန္းေရာင္သို႔ ေျပာင္းေစေသာေၾကာင့္
ျဖစ္ပါတယ္။ Hillier ကန္သည္ အလ်ား ၆၀၀ မီတာနွင့္ အနံ ၂၅၀ မီတာ
ခန္႔ရိွတယ္လုိ႔ ဆိုပါတယ္။ ေရကန္အတြင္းရိွ ေရမ်ားသည္ တည္ျငိမ္
ေနျခင္း မရိွဘဲ လႈပ္ရွားေနတယ္လို႔ ဆိုပါတယ္။
အေရာင္သည္လည္း ပန္းေရာင္ကလြဲျပီး အျခားေသာ အေရာင္သို႔ ေျပာင္းလဲျခင္း
မရိွပါဘူး။ ထိုကန္ကို အေဝးမွ ၾကည့္လွ်င္ ခြက္တစ္ခု အတြင္းသို႔ အခ်ိဳရည္မ်ား
ထည့္ထားသကဲ့သို႔ ထင္ရပါတယ္။ Hillier Lake ကန္ကို ၁၈၀၂ ခုနွစ္မွာ
စတင္ေတြ႔ရိွခဲ့ျခင္း ျဖစ္ပါတယ္။ ထိုကန္ကို ေတြ႔ရိွခဲ့တဲ့ လူကေတာ့ ေမာ္တယ္
ဆုိသူပင္ ျဖစ္ပါတယ္။
Ref: wiki
ေက်ာ္လင္းႏိုင္(႐ိုးရာေလး)
www.yoyarlay.com #kln_yyl #travel_yyl #article_yyl #knowledge_yyl (Unicode Version)
ဩစတေးလျမှ အလွန်လှပသော ပန်းရောင်ရေကန်
Hillier လို့ အမည်တွင်တဲ့ ပန်းရောင်ရေကန်ဟာ ဩစတေးလျနိုင်ငံမှာ
တည်ရှိပါတယ်။ အလွန်ပင် ထူးခြားသော ရေကန်တစ်ခုပင် ဖြစ်ပါတယ်။ ထိုကန်သည်
ကျွန်း၏ အလယ်တွင် ဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်။ ၎င်းရေကန်မှာ ရှိတဲ့
ရေအားလုံးဟာ ပန်းရောင်ဖြစ်နေ ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုကန်အတွင်းမှ
ရေညှိများဟာ ရေကန်ရှိ ရေများကို ပန်းရောင်သို့ ပြောင်းစေသောကြောင့်
ဖြစ်ပါတယ်။ Hillier ကန်သည် အလျား ၆၀၀ မီတာနှင့် အနံ ၂၅၀ မီတာ
ခန့်ရှိတယ်လို့ ဆိုပါတယ်။ ရေကန်အတွင်းရှိ ရေများသည် တည်ငြိမ်နေခြင်း မရှိဘဲ
လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။ အရောင်သည်လည်း ပန်းရောင်ကလွဲပြီး အခြားသော
အရောင်သို့ ပြောင်းလဲခြင်း မရှိပါဘူး။ ထိုကန်ကို အဝေးမှ ကြည့်လျှင်
ခွက်တစ်ခု အတွင်းသို့ အချိုရည်များ ထည့်ထားသကဲ့သို့ ထင်ရပါတယ်။ Hillier
Lake ကန်ကို ၁၈၀၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ထိုကန်ကို
တွေ့ရှိခဲ့တဲ့ လူကတော့ မော်တယ် ဆိုသူပင် ဖြစ်ပါတယ်။
ကျော်လင်းနိုင်(ရိုးရာလေး)