စိတ်ဖိစီးမှုများကို ၂ မိနစ်အတွင်း ဖြေဖျောက်နည်းများ
==========================
နည်းလမ်း ၅
ကောက်နှံတစ်ခုလုံးပါဝင်စာကို သရေစာအဖြစ် စားသုံးတာက နာရီဝက်အတွင်းမှာ
ပျော်ရွှင်ကျေနပ်စေတဲ့ ခံစားချက်ကို ခံစားမိစေပါတယ်။
ကောက်နှံတစ်ခုလုံးပါဝင်စာကို စားသုံးလိုက်တာကြောင့်
သွေးတွင်းသကြားဓာတ်မြင့်တက်လာပြီး ဆီရိုတိုနင်ဟော်မုန်း ထုတ်လုပ်မှုလည်း
များလာပါတယ်။ ဒီဟော်မုန်းက အရာရာကိုအကောင်းမြင်စိတ်နဲ့ ရှုမြင်စေပြီး
စိတ်တည်ငြိမ်မှုကို ခံစားရစေပါတယ်။
နည်းလမ်း ၆
အဆိုးမြင်စိတ်က
ဦးနှောက်ဆီကို အချက်အလက်တွေ ပေးပို့တာကြောင့် အက်ဒရီ နလင်နဲ့ ကော်တီဇော
ပမာဏမြင့်တက်ပြီး သွေးဖိအားကို မြင့်မားစေပါတယ်။ ခေါင်းအုံး၊ ဒါမှမဟုတ်
အမွေးပွအရုပ်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်တာက ဆီရိုတိုနင်နဲ့
စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတချို့ ထုတ်လုပ်မှုကို အားပေးပြီး
စိတ်စွမ်းအား မြှင့်တင်ပေးနိုင်တယ်ဆိုတာ
လေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။
နည်းလမ်း ၇
ဖျော်ရည်သောက်ပါ။ ရှောက်၊ သံပုရာ၊ လိမ္မော်စတဲ့ အသီးတစ်မျိုးမျိုးကို
ဖျော်ရည်ပြုလုပ်ပြီး သောက်သုံးတာက စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။
ရှောက်၊ သံပုရာ၊ လိမ္မော်စတဲ့ အသီးတွေမှာပါဝင်တဲ့ မရှိမဖြစ်အဆီက
စိတ်ခံစားမှုကို ကောင်းစေပြီး တည်ငြိမ်စေပါတယ်။
နည်းလမ်း ၈
အလှဆုံး ပြုံးပါ။ ဘယ်လောက်ပဲ စိတ်ဖိစီးမှုတွေ များနေပါစေ မှန်ကြည့်ပြီး
အလှဆုံး ပြုံးလိုက်ပါ။ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားတွေပြေလျော့သွားပြီး
စိတ်ရဲ့တင်းအားတွေလည်း ပြေလျော့သွားပါတယ်။ အချိန်အားဖြင့် နှစ်မိနစ်လောက်သာ
ပေးရပြီး အမှန်တကယ် အသုံးကျတဲ့ အလွန်လွယ်ကူတဲ့နည်းလမ်းတစ်ခုပါ။
မှတ်ချက်။ ၂၀၁၄ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် အာရောဂျံ ကျန်းမာရေး မဂ္ဂဇင်းမှ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်) ရေးသားသည့်
ဆောင်းပါးအား ကောက်နုတ်ဖော်ပြပါသည်။