ဘဝစာမျက်နှာ
သတ္တိဆိုတာ အရည်အချင်းမဟုတ်ပါ
^^^^^^^^^^^^^^^^^^^^
အများသိထားတဲ့ သတ္တိဆိုတာတော့ တိုက်ရဲ ခိုက်ရဲတာ၊ သတ်ရဲ ဖြတ်ရဲတာတွေ
ပဲဖြစ်တယ်။ တကယ်တော့ သတ္တိဆိုတာ လုပ်သင့်တာ၊ လုပ်
ကို လုပ်ရမည့်အရာ
မျိုးကို ရဲရဲဆုံးဖြတ်ရဲတာ၊ ရဲရဲလုပ်ဆောင်ရဲတာမျိုးကို ဆိုလိုတယ်။
မလုပ်သင့်တဲ့အလုပ်မျိုးကို မိုက်ရူးရဲဆန်ဆန် မစဉ်းစားပဲလုပ်ပစ်တာမျိုးကို သတ္တိ
လို့ မခေါ်ဘူး။ အဲ့ဒါ လူညံ့တွေရဲ့အလုပ်၊ တွေးတောကြံဆမှုနည်းတဲ့ လူတွေရဲ့အ
လုပ်ပဲ ဖြစ်တယ်။
ကိုယ်လုပ်ချင်တာကို လုပ်လိုက်ရတဲ့ သတ္တိဟာ လူတစ်ယောက်ရဲ့ အရည်အချင်း
မဟုတ်ပါဘူး။ ပြောချင်တာ သတ္တိကို အရည်အချင်းလို့ မသတ်မှတ်ထားပါဘူး။
အရည်အချင်းရဲ့အခြေခံ ဇစ်မြစ်ပဲဖြစ်ပါတယ်။
ဆိုလိုချင်တာက ဆုံးဖြတ်ချက်တစ်ခု ပြန်သားစွာချမည်ဆိုပါစို့ ၊အဲဒီချိန်ဖြစ်တဲ့
စိတ်မျိုးကို သတ္တိလို့ ခေါ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါဟာ အရည်အချင်းထိဖြစ်
မလာသေးဘူး။
သတ္တိရှိရှိနဲ့ လုပ်လိုက်တဲ့အလုပ်ဟာ နောက်ဆုံးအောင်မြင်စွာနဲ့ ဆုံးခန်းတိုင်ပြီး
မြောက်ပါမှသာ အရည်အချင်းဆိုတာဖြစ်သွားတာပါ။ ဒါကြောင့် သတ္တိဟာ အ
ရည်အချင်းရဲ့ အခြေခံလောက်သာ ဖြစ်ပါတယ်။ တကယ့်အရည်အချင်းတော့
မဟုတ်သေးပါဘူး။
ကိုယ့်ကိုယ်ကို မိုက်ရူးရဲဆန်ပြီး သတ္တိတွေရှိပြနေတာကို အရည်အချင်းလို့ ထင်
နေကြမှာဆိုးလို့ ပါ။ အရည်အချင်းဆိုတာ ဖြစ်လာချင်ရင်တော့မှန်ကန်တဲ့သတ္တိ
တွေ များများမွေးပြီး တဖြည်းတဖြည်း လုပ်ဆောင်သွားမှသာ ရရှိနိုင်တော့မှာပါ။
True Man