Kaung Myat Thu
"""မိတ်ဆွေတွေ ရချင်ရင် ဘယ်လိုလုပ်မလဲ""" 🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻 ထင်ပေါ်ကျော်ကြားပြီးတော့ အချို့က အပေါင်းအသင်း မိတ်ဆွေ များချင်တယ် ၊ လူတွေက ပြောကြတယ်လေ ၊ "တစ်ရွာကို တစ်ကျ
ီဆောက်"
ဆိုတာ အဲဒါ ဂိုထောင်တွေ လိုက်ဆောက်ခိုင်းတာ မဟုတ်ဘူး ၊ ရွာတိုင်း
နေရာတိုင်းမှာ မိတ်ဆွေတွေ ရှိရမယ် ပြောတာနော်။ ဒါဖြင့် မိတ်ဆွေတွေရအောင်
ဘယ်လိုလုပ်ရမလဲ ဆိုရင် မြတ်စွာဘုရားက ဖြေတယ် ၊ "ဒဒံ မိတ္တာနိ ဂန္ထတိ" တဲ့။
မိတ်ဆွေတွေများများရအောင်ကတော့ ပေးပါတဲ့ ၊ ပေးတဲ့လူက မိတ်ဆွေများများရတယ် ၊
ဟုတ်ရဲ့လား။ ပေးရမယ် ၊ နှမြောနေရင် မိတ်ဆွေ မရှိဘူး။
ဒါကြောင့်မို့ ဗမာစကားမှာ အခြွေအရံလို့ ပြောကြတယ်လေ။ အခြွေအရံဆိုတာ
ခြွေနိုင်မှ ရံတယ်တဲ့။ မိတ်ဆွေဖွဲ့ပြီး ဟိုဟာလေးတောင်း ဒီဟာလေးတောင်း
တောင်းတတ်တယ် ၊ သူတို့ဝါသနာ။ ကိုယ်ကပေးရင် မိတ်ဆွေပေါတယ် ၊ အဲဒီမှာ သြော်
မြတ်စွာဘုရားက အိန္ဒိယတို့ သီဟိုဠ်တို့ကြည့်ပြီး ဒါဟောပုံရတယ်လို့ ၊
ပေးနိုင်လို့ရှိရင် မိတ်ဆွေ အလွန်ပေါတယ်။
ဟိုးရှေးတုန်းက သီဟိုဠ်ကို
ဗမာပြည်က အများကြီး လှူခဲ့တယ် ၊ အများကြီးထောက်ပံ့ခဲ့တယ် ၊ အဲဒီတုန်းက
မြန်မာကို သူတို့က ဗုရုမာလို့ ခေါ်တယ်။ ဗုရုမာဆို မသိတဲ့လူ မရှိဘူး။
အခုနောက်ပိုင်းကျတော့ မြန်မာပြည်က အဆက်အသွယ်ပြတ်သွားတယ် ၊ အဆက်အသွယ်
ပြတ်ပြီးနောက် ဘယ်သူတွေ အဆက်အသွယ်များတုန်းဆို ထိုင်းတွေက
အဆက်အသွယ်များလာတယ် ၊ ထိုင်းတွေက လှူတယ် တန်းတယ် ဆိုတော့ ထိုင်းကိုပဲ
သိကြတယ်။ ဗမာကို မသိတော့ဘူး ၊ ကြည့် "ဒဒံ မိတ္တာနိ ဂန္ထတိ" ဆိုတာ ဒါကို
ပြောတာနော် ၊ ပေးနိုင် ကမ်းနိုင်ရင် မိတ်ဆွေ ရတယ်တဲ့။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
ကျေးဇူးတော်ရှင်
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
ဟောကြားဆုံးမတော် မူသော
"ဘဝအရေး စိတ်အေးရလေအောင်"
အကြောင်း တရားဒေသနာတော်မှ ကောက်နုတ်ဖော်ပြကာ ဓမ္မဒါန ပြုအပ်ပါသည်။
မှန်ကန်သော ဓမ္မအသိတို့ဖြင့် အကျိုးရှိရှိနေနိုင်ကြပါစေ ကုန်သတည်း။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁