Yoyarlay
ခွင့်လွှတ်နိုင်သော စိတ်များမွေးမြူပါ
တစ်ခါတစ်ရံမှာ မိမိက မှန်နေတတ်တယ်။ မှန်နေသော်လည်း တစ်ပါးသူ၏ အမှားကို ခွင့်လွှတ် တတ်ရတယ်။ မခွင့်လွှတ် တတ်သ၍ စိတ်ကောင်းရှိသူ မဟုတ
်ပါဘူး။ ခွင့်လွှတ်ခြင်းနှင့် သည်းခံခြင်း ဆိုတာဟာ ဘာနဲ့မှ လဲလို့မရတဲ့ လူတစ်ယောက် အတွက် ဖြူစင်သန့်ရှင်းမူ တစ်ခုသာ ဖြစ်ပါတယ်။
တစ်ပါးသူ၏ အမှားကို အခွင့်ကောင်းယူပြီး အပြောအဆို ကိုယ်အမူအရာ နုတ်အမူ
အရာများနှင့် အနိုင်မယူသင့်ပါဘူး။ ခွင့်လွှတ်တတ်သော စိတ်ကောင်း ရှိသော
သူတစ်ယောက် ဖြစ်အောင် မိမိ၏ စိတ်ကိုမွေးမြူပါ။
စိတ်၏ မကောင်းတဲ့အပေါ်
စေခိုင်းခြင်းများကို တဖြည်းဖြည်းနဲ့ ရှောင်ပါ။ တစ်ခါတစ်ရံမှာလဲ
ဒေါသကြောင့် အမှား ပါတတ်တယ်။ ဒေါသကြောင့် ခွင့်လွှတ် တတ်တဲ့ စိတ်တွေ
ပျောက်ပြယ်နေ တတ်တယ်။ တကယ် ရင်ထဲမှာ ရှိနေတဲ့ မိမိရဲ့ ဖြူစင်တဲ့ စိတ်တွေကို
မပျောက်ပြယ်အောင် မွေးမြူနိုင်ကြပါစေ။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
#kln_yyl #articleyyl