Myanmar Beautiful
ချွေးပေါက်ကျယ်ခြင်း
တော်တော်များများက ချွေးပေါက်ကျယ်တာမကြိုက်လို့ ဘယ်လိုလုပ်ရမလဲလို့
မေးကြပါတယ်။ အရင်ဆုံး ဘာကြောင့်ဖြစ်ရလဲဆိုတာ သိနိုင်ရင် သက်သာအောင်
လုပ်ဖို့လွ
ယ်ပါတယ်။
ချွေးပေါက်ကျယ်ရခြင်းရဲ့ အဓိကအကြောင်းရင်းက ချွေးပေါက်တွေထဲမှာ အဆီ၊
ဆဲလ်အသေနဲ့ အညစ်အကြေးတွေ ပိတ်ဆို့ရာကနေ ရောင်ပြီးတော့
ပိုကြီးလာသလိုဖြစ်ရခြင်းဖြစ်ပါတယ်။ အဆီပြန်တတ်တဲ့အသားအရေ ရှိသူတွေမှာလည်း
အဆီပိုထုတ်လုပ်တဲ့အတွက် ချွေးပေါက်တွေကျယ်ပါတယ်။ အဆီပြန်တတ်တော့ အဆီနဲ့
ဆဲလ်အသေ၊ အညစ်အကျေးတွေစုမိရင် ချွေးပေါက်ကျယ်တာအပြင်
ဝက်ခြံလည်းထွက်နိုင်ပါတယ်။
နောက်တစ်ချက်ကတော့ နေလောင်ဒဏ်ကြောင့်
အသားအရေပျက်စီးပြီး ဖြစ်ရတာပါ။ နေလောင်ဒဏ်ကာကွယ်တဲ့ cream တွေမလိမ်းကြတော့
နှစ်တွေကြာလာတဲ့အခါ၊ အထူးသဖြင့် အသက်ကြီးလာတဲ့အခါ အသားအရေက
တင်းရင်းမှုလျော့ပြီး ချွေးပေါက်တွေက သိသိသာသာကျယ်လာပါတယ်။
အဲဒီအချက်နှစ်ချက်ကြောင့် ချွေးပေါက်တွေဖြစ်လို့ ဖြစ်ရတာကို ရှောင်ရမယ့်အချက်တွေက
- အသုံးပြုတဲ့ အလှကုန်တွေထဲမှာ ချွေးပေါက်ပိတ်စေနိုင်တဲ့ ပစ္စည်းတွေပါဝင်ခြင်း
- မိတ်ကပ်လိမ်းပြီးတဲ့အခါ make up remover တွေနဲ့ သေချာမဖျက်ဘဲ ညအိပ်ခြင်း
- အသားအရေကို ထိခိုက်စေနိုင်တဲ့ မျက်နှာသစ်ဆပ်ပြာမဟုတ်တဲ့ ဆပ်ပြာတုံးများနှင့် မျက်နှာသစ်ခြင်း
- အပြင်သွားတဲ့အခါ နေလောင်ခံ cream မလိမ်းခြင်း တို့ဖြစ်ပါတယ်။
အဲဒါကြောင့်
- ချွေးပေါက်ကျယ်တဲ့သူတွေ၊ ၀က်ခြံထွက်တတ်တဲ့သူတွေက အလှကုန်ပစ္စည်း
ဝယ်ယူတဲ့အခါ ဖြစ်နိုင်ရင် oil-free ဒါမှမဟုတ် non-comedogenic ဆိုတဲ့
ချွေးပေါက်ပိတ်ခြင်း မရှိတဲ့ ပစ္စည်းတွေကို ရွေးသုံးသင့်ပါတယ်။
လုံးဝမပိတ်ဘူးလို့ မပြောနိုင်ပေမယ့် အဲဒီလို non-comedogenic ဖြစ်တယ်လို့
အာမခံတဲ့ပစ္စည်းတွေက တခြားပစ္စည်းတွေထက်တော့ သက်သာစေပါတယ်။
-
မိတ်ကပ်လိမ်းပြီးတဲ့အခါ facial foam နဲ့ မျက်နှာသစ်ရုံနဲ့ မလုံလောက်ပါဘူး။
အဆီပါတဲ့ မိတ်ကပ်ဖျက်ဆေး cleanser နဲ့ သေချာဖျက်ပေးရပါတယ်။ အဆီကဘဲ
အဲဒီမိတ်ကပ်တွေကို ကုန်စင်အောင် စုပ်ယူဖယ်ရှားပေးနိုင်တာပါ။ အဲဒါသပ်သပ်
ဝယ်မသုံးချင်ရင် သံလွင်ဆီနဲ့ ဖျက်ရင်လည်းရပါတယ်။ သံလွင်ဆီကို
မျက်နှာအနှံ့လိမ်းပေးပြီး လက်ချောင်းလေးတွေနဲ့ သွေးလှည့်ပတ်မှုကောင်းအောင်
ညင်ညင်သာသာလေး နှိပ်ပေးပါ။ ပြီးတဲ့အခါ ဂွမ်စလေးနဲ့ ညင်ညင်သာသာသုပ်ပေးပါ။
ပြီးရင် အဆီတွေကုန်အောင် facial foam နဲ့ ပြန်ပြီးမျက်နှာသစ်ပေးလို့
ရပါတယ်။
- မျက်နှာသစ်ပြီးတဲ့အခါ ကိုယ်နဲ့သင့်တော်နဲ့ Toner
ကိုအသုံးပြုပေးခြင်းကလည်း ချွေးပေါက်ထဲက ကျန်နေတဲ့ အညစ်အကြေးတွေကို
ဖယ်ရှားပေးတဲ့အတွက် ချွေးပေါက်တွေကို သန့်စင်အောင် ထိန်းညှိပေးနိုင်ပါတယ်။
- မျက်နှာမှ အညစ်အကြေးတွေ အကုန်ကင်းစင်စေဖို့ တစ်ပတ်တစ်ခါ မျက်နှာကို
scrub နဲ့ ဂျေးချွတ်ပေးတာဖြစ်ဖြစ်၊ ဆိုင်မှာ ချွေးချွတ်တာဖြစ်ဖြစ်
လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
- နောက်တစ်ခါ နေလောင်ဒဏ်က
ကာကွယ်ဖို့ နေလောင်ခံ ခရင်မ်တွေ အသုံးပြုပေးမှာပါ။ မိတ်ကပ်တွေမှာ SPF
များတာတွေ ရှိပေမယ့် အကျိုးသက်ရောက်မှုက ဘယ်လောက်ရှိလည်းမသိနိုင်တာမို့
Skincare Procedure ပြီးတဲ့နောက် မိတ်ကပ်မလိမ်းခင်အဆင့်မှာ Sunscreen
Lotion ကိုလိမ်းပေးရပါမယ်။
အဲဒီဆောင်ရန်၊ ရှောင်ရန်တွေအတိုင်း မျက်နှာအသားအရေကို ပြန်ပြီးဂရုစိုက်မယ်ဆိုရင် ချွေးပေါက်ကျယ်တာကို အနည်းငယ်သက်သာစေမှာပါ။
အဲဒါတွေအပြင် အိမ်မှာလွယ်လွယ်ကူကူလုပ်နိုင်တာက
- ချွေးပေါက်ကျယ်နေတဲ့နေရာတွေကို တစ်နေ့ကို ၂၀ စက္ကန့်လောက်
ရေခဲကပ်ပေးနိုင်တယ်။ ဒါမှမဟုတ် ရေခဲရေအေးအေးလေးစိမ်ထားတဲ့ သဘက်လေးကို
မျက်နှာပေါ် ၂ မိနစ်ခန့် အုပ်ပေးလို့လည်း ရပါတယ်။ Vitamin C ဓာတ်ကလည်း
အသားအရေကို သန့်စင်ပေးနိုင်လို့ စိမ်တဲ့ရေထဲကို သံပုရာသီးညှစ်ပြီး
ထည့်နိုင်ပါတယ်။
- နောက်တစ်ခုက တော်ရုံသက်သာအောင်
လုပ်လို့မရနိုင်တဲ့ ချွေးပေါက်ကျယ်တဲ့အသားအရေရှိသူတွေက မိတ်ကပ်လိမ်းပြီး
ဖုံးနိုင်ပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ Moisturizer ပြီးလို့ Foundation
မလိမ်းခင် Primer ခံပြီး လိမ်းပေးနိုင်ပါတယ်။ အဲဒါဆို အသားအရေကို
မိတ်ကပ်ညီအောင် သေချာဖုံးပေးတဲ့အတွက် ချွေးပေါက်ကျယ်ခြင်းကို
ဖုံးအုပ်ပေးပါတယ်။
ဒါတွေကတော့ ချွေးပေါက်ကျယ်ခြင်းကို မဖြစ်စေဖို့
ရှောင်ရန်အချက်တွေနဲ့ ချွေးပေါက်ကျယ်နေသူတွေကို သက်သာစေအောင် လွယ်လွယ်ကူကူ
လုပ်နိုင်တဲ့အချက်လေးတွေပါ။
With heart emoticon,
GG