ရှားစောင်းလက်ပပ်က အသားအရေကို ချောမွေ့ စေနိုင်
မက္ကဆီကို နိုင်ငံသား တွေက အသားအရေ နီမြန်းမှုနဲ့ ကြမ်းတမ်းတဲ့ ပြဿနာ တွေကို ကုသဖို့ ရှားစောင်းကို သုံးခဲ့ ကြပါတယ်။
တက်ဆက် တက္ကသိုလ် လေ့လာမှု အရ ရှားစောင်း
လက်ပပ်ဟာ အသားအရေ နီမြန်းမှုကို လျော့ကျစေတာ၊ အနာ ကျက်စေတာ၊ အရေပြား အစို
ဓာတ်ကို မြှင့်တင်ပေးတာနဲ့ ဆပ်ပြာနဲ့ ဓာတုပစ္စည်း တွေဒဏ်ကို ခံနိုင်ရည်
ရှိတာစတဲ့ အစွမ်းတွေ ရှိကြောင်း သိရပါတယ်။
အသားအရေ ခြောက်သွေ့ ယားယံမှုကိုလည်း လျော့ ပါးစေပြီး အဖုအပိမ့် တွေကို သက်သာ
စေကာ အရေပြား ဆဲလ်သစ်တွေ ထွက်လာအောင် အားပေး ပါတယ်။
သင့်အရေပြားမှာ အပြစ်အနာ အဆာတွေ ရှိနေရင် ရှားစောင်း လက်ပပ် ပါတဲ့ ခရင်မ်
ဒါမှမဟုတ် ဂျဲလ်ကို လိမ်းပေး သင့်ပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)