ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်
============================
မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုး
တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ
နေသူတွေ အတွက်... လက်တွေ့... ၇ ရက်အတွင်း...
သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်...
ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန် သက်သာပါတယ်... အိမ်မှာ
ရှိတတ်တဲ့ ပစ္စည်းလေး တွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..
ပါဝင်တဲ့ ပစ္စည်းတွေ ကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး)
တို့ကို တစ်ခါ လိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...
ဖေါ်စပ်နည်း
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်း ပုဂံလုံး
ထဲကို အရည်ညှစ်ပါ... အကြမ်း ပုဂံလုံး ထဲသို့ အုံးဆီ သုံးလေးစက်လောက်
ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/ မိဂသီ/ ရှမ်းရိုးမ/ လင်ဇီး
(လိမ်းဆေးထည့်) တစ်မျိုးမျိုးကို တစ်ခါ လိမ်းစာ အနေတော် ထည့်ပြီး...
မွှေပေးပါ...
အသုံးပြုနည်း
ညအိပ်ယာ ၀င်ခါနီးတိုင်း...ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှ
အောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်
အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း
သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...
မှတ်ချက်- ညစာကို ပုံမှန်ထက်... လျှော့စားပေးရင်... ပိုပြီး သိသိ သာသာ
ဗိုက်ချပ် စေပါတယ်... တစ်ပါတ် အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ
လျှော့ကျ သွားမှာ ဖြစ်ပါတယ်။