အရက်နှင့်ပတ်သတ်သမျှ အကြောင်းအရာ
၁။ အရက်ကြောင့် ရေဓာတ်ခန်းခြောက်တာဟာ အရက်နာကျတာရဲ့ အဓိကအခန်းကဏ္ဍမှာ
ပါဝင်ပါတယ်။ ဒါကြောင့် အရက်တစ်ခွက်ကို ရေတစ်ခွက်ရောပြီး အိပ်ရာမဝင်ခင်
နောက်ထပ်ရေတစ်ခွက်၊ နှစ်ခွက်လောက်သောက်သုံးပေးပါ။
၂။ အရက်မသောက်ခင်နဲ့ သောက်နေစဉ်မှာ စပျစ်ဖျော်ရည်ခွက်ကြီးတစ်ခွက်
သောက်သုံးပြီး ပျားရည်အနည်းငယ် စားသုံးပါ။ စပျစ်ဖျော်ရည်ဟာ
အသည်းအတွက်အားဆေးဖြစ်ပြီး ပျားရည်ကတော့ ခန္ဓာကိုယ်တွင်းက အရက်တွေကို
လောင်ကျွမ်းစေမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။
၃။ ဗီတာမင် B၊ C ဓာတ်နဲ့
ဇင့်ဓာတ်တွေကို အရက်မသောက်ခင်ညတွေနဲ့ သောက်ပြီးမနက်မှာ စားသုံးပေးပါက
ခန္ဓာကိုယ်က ဆုံရှုံးသွားတဲ့ စနစ်တွေကို ပြန်လည်ဖြည့်တင်းပေးမှာဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ စိတ်ဖိစီးမှုဟာ ဗီတာမင်Bဓာတ်နဲ့ ဆက်စပ်နေပြီး
အရက်သောက်တာဟာ ဗီတာမင်B level ကို လျှော့ချပေးနေလို့ဖြစ်ပါတယ်။
၎။
သုတေသနပြုလုပ်ပြီး တွေ့ရှိထားတာက ဘရမ်ဒီ ရမ်နဲ့ ဝီစကီလိုမျိုး
အရောင်ရင့်အရက်တွေဟာ အရောင်ဖျော့အရက်တွေဖြစ်တဲ့ အဖြူရောင်ဝိုင်နဲ့
ဗောဒ့်ကာတွေထက် အရက်နာပိုကျစေနိုင်တယ်လို့ ဆိုပါတယ်။
၅။
အရက်နဲ့ပတ်သတ်တဲ့ အဆိပ်အတောက်ဖြေဖျောက်ဖို့အတွက် မုန်လာဥနီဖျော်ရည်ကို
မုန်လာဥဝါ၊ ပန်းသီး၊ တရုတ်နံနံ၊ ချင်းဖျော်ရည်တွေနဲ့ရောသောက်ပေးပါ။
တရုတ်နံနံမှာ ဆန့်ကျင်ဓာတ်တိုးပစ္စည်းတွေ ပါဝင်သလို ချင်းဟာလည်း ပျို့အန်တာ၊
ခေါင်းကိုက်တာနဲ့ ဝမ်းလျှောတာတွေကို သက်သာစေပါတယ်။