တရားဆိုတာ အဝေးကြီးမှာ လိုက်ရှာနေရတာမျိုး မဟုတ်ပါဘူး။
တရားရှာ ကိုယ်မှာတွေ့ ၊ ဒီခန္ဓာမှာ တရားမပြတဲ့နေ့ ရယ်လို့  မရှိပါဘူး။
တရားက အချိန်တိုင်းပြနေတာ၊ မကြည့်လို့ မသိကြတာ။
ဆိုပါစို့ ၊ ထန်းလျက်စားရင်လည်း ထန်းလျက်က ထန်းလျက်တရားဟောသွားတာပါ။
ထန်းလျက်က ချိုတယ်ဆိုတဲ.သဘောကလေး ဟောသွားပါတယ်။
အဲဒီသဘောကလေးဟာ တရားပါပဲ။
ငရုတ်သီးကလည်း စပ်တယ်ဆိုတဲ.သဘော ဟောပါလိမ့်မယ်။
ဒါပေမဲ့ လူတွေက ချိုတဲ. စပ်တဲ့ သဘောကို မမြင်မသိကြဘဲ ထန်းလျက်ကိုစွဲ၊ ငရုတ်ကိုစွဲနဲ့ 
အစွဲသာ အဖတ်တင်ကျန်ခဲ့ပါတယ်။
သဲနဲ့ ပစ်တာနဲ့  ခဲနဲ့ ပစ်တာခံရပုံချင်း မတူသလို ချိုတာစားတာနဲ့ စပ်တာစားတာ
လျှာကိုတိုက်ခိုက်ပုံချင်း မတူပေဘူး။
တစ်ခါလောက် စိတ်ဝင်စားကြည့်စမ်းပါ။
ချိုချဉ်ငန်စပ် သဘောသတ္တိကလေးတွေ
နောက်ဆုံးဘယ်လိုဖြစ်သွားတယ်ဆိုတာ
သတိထားကြည့်စမ်းပါ။ သဘောသိတာ တရားပါပဲ။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
( ၁၉၉၉၊ ၀ါးသုံးရုံသစ်တောစခန်း သြ၀ါဒ)
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ