ပန်းနာရင်ကျပ် တသက်လုံး ပျောက်ဆေး
ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက် တစ်သက်လုံးပျောက်ကင်းစေသော ဆေးနည်းကောင်း
ပေးလိုက်မည်၊ မိတ္ထိလာမြို့မှ အဘိုးကြီးတဦး နှစ်နှစ်ကြာကြာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နေခဲ့ရာ
လူပြောများ၍ ပဲစဉ်းငုံ အလုံးလိုက် တစ်နေ့နို့ဆီဘူး တလုံးကျ ပြုတ်၍ ဆားခတ်ပြီး အစမ်းသဘောဖြင့်
နေ့စဉ်စားနေခဲ့သည်၊ စားနေရင်း နေရထိုင်ရတာ သက်သာလာပုံ ခံစားရသည် ဆို၏၊
ထို့ကြောင့် အားတက်၍
နေ့စဉ်ပုံမှန် ဆက်စားနေခဲ့ရာ ၃- လကြာလျင် လုံးဝ ပျောက်ကင်းသွားပုံ
လက်တွေ့ဖြစ်ကြောင်း ရောဂါပျောက်သူ၏ တူ ကျောင်းဆရာကြီး ဦးတင်ဝင်းက လျောက်ထားသည်၊
စားသုံးနည်းမှာ လွယ်ပါ၏၊ ပဲစဉ်းငုံအလုံးလိုက် ရေနှင့်နပ်အောင် ပြုတ်ပြီး
ဆားခပ်၍ ပဲလုံးဟင်းကဲ့သို့ အရေအဖတ် စားခြင်းဖြစ်သည်။ နေ့စဉ် နို့ဆီဗူး တစ်လုံးကျ
စားနေပါ၊ ၄-လ ကြာလျင် ပန်းနာရင်ကြပ် လုံးဝပျောက်ကင်း၏ ဟု မှတ်ပါ၊ အခြား ဘာစားဆေးမှ ထိုးရန်
စားရန် မလိုကြောင်း သိရသည်။
နောက်တနည်း
နတ်ဆေးဂမုန်း
လက်တွေ့ဆေးကောင်းတစ်ခုကို
ပြောဦးမည်၊ နတ်ဆေးဂမုန်းစား၍ တသက်လုံး စိတ်ချရအောင် ပျောက်ကင်းသွားသူတွေလဲ
ရှိကြ၏၊
နတ်ဆေးဂမုန်းကို
အမှုန့်ထောင်းပြီး ပျားရည်တပုလင်းလျင် ဆေးမှုန့် ၂ ကျပ်သားနှင့် ရောစပ်မွှေကာ နေဖြင့်
၃ ရက်လှန်းပါ၊ ထောပတ် ၂၀ ကျပ်သား ရောထည့်ပြီး နာနာမွှေကာ ၄ ရက်ဆက်လှန်းပါ၊ ပေါင်း ၇
ရက်လွန်ပြီးလျင် ဟင်းစားဇွန်းနှင့်
နံနက်-ည တစ်ဇွန်းကျ တနေ့ နှစ်ကြိမ် စား၍ ရေနွေး အဖန်ရည်ေ သာက်ပေးပါ၊ ပန်းနာရင်ကျပ်ရောဂါပျောက်၏၊ ဒူလာ မီးယပ်ရောဂါပါ
ပျောက်ကင်း၏၊ ညောင်းညာကိုက်ခဲခြင်း မရှိတော့ပဲ လူခန္ဓာကိုယ်ပါ ၀ဖြိုးစိုပြည်လာသည်ကို
တွေ့ရပါလိမ့်မည်၊
ကျေးဇူးတော်ရှင် တောင်တန်းနယ်ခြား
သာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ ကိုယ်တွေ့မှတ်တမ်းများ
စာစဉ်-၃ နှာ- ၁၆၅
ဒီနေ့ အသိမိတ်ဆွေ ဒကာမတယောက်
သူ့ဖခင်ကြီး ပန်းနာရင်ကျပ် ရောဂါခံစားနေရတာ ကြာပြီ၊ ဘာဆေးနဲ့ ပျောက်မလဲ မသိဘူး ဆိုလို့
ဖတ်မိ စုမိတာလေးတွေကို မျှဝေလိုက်ပါတယ်၊ တောခေါင်ခေါင် ချင်းတောင်တန်းပေါ်တွင် နှစ်ပေါင်း
(၄၀) ကျော် သာသနာပြုတော်မူခဲ့သော ဆရာတော်ဘုရားကြီး၏ တိုင်းရင်းဆေးနည်းများကို နောင်တွင်လဲ
အလျင်းသင့်သလို ရေးပါအုံးမည်။
ပန်းကမ္ဘာမှ