| အစိမ်းရောင် ပန်းဂေါ်ဖီ စားသုံးခြင်းသည် အဆုတ် အတွက် အထောက် အကူ ပြုကြောင်း သိရှိ ရသည်။ နောက်ဆုံး
တွေ့ရှိသော သုတေသန ရလဒ်များ အရ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ ခံနိုင်ရည် |
| အားကို တိုးမြှင့်ပေး သည်ဟု ဖော်ပြ လျက်ရှိသည်။ ဗြိတိန် နိုင်ငံတွင် နှစ်စဉ်လူ(၃၀၀၀၀)ခန့်မှာ စီးကရက် အလွန်
အမင်း သောက်သုံးမှု ကြောင့် အဆုတ်ရောဂါ များဖြစ်ပွားပြီး သေဆုံးလျက် ရှိနေသည်။ |
| အမေရိကန် နိုင်ငံမှ သိပ္ပံပညာရှင် များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ်
အတွင်းရှိ ရောဂါ ကာကွယ်သော ဆဲလ်များကို ပိုမို လှုပ်ရှား အသက်ဝင် စေသည်ဟု တွေ့ရှိ ခဲ့သည်။ ထိုဓာတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီတွင်
ကြွယ်ဝစွာ ပါရှိသည်။ NRF2ဟု ခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ် အတွင်း အဆိပ် အတောက် ဖြစ်ပွား စေနိုင်သော ပမာဏကို လျော့ကျ
စေနိုင်ပြီး ထိုဆဲလ်များကို နိုးကြား စေမည့် လှုံ့ဆော်မှု မျိုးအား အစိမ်းရောင် ပန်းဂေါ်ဖီတွင် ပါဝင်သည့် ဆာလ်ဖိုရာပိန်းက လုပ်ဆာင်
ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်မှ သုတေသန အဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့သည်။ |
| အမေရိကန် နိုင်ငံထုတ် Respiratory and Critical Care ဆေးပညာ ဂျာနယ်တွင်
ရေးသားဖော်ပြ ထားမှု အရ အဆုတ်တွင်း ညစ်ညမ်းမှု များနှင့် အဆုတ်ကင်ဆာ ရောဂါ များအား ကာကွယ်နိုင်ရန် အတွက် အစိမ်းရောင်
ပန်းဂေါ်ဖီအား များများ စားသုံးရန် တိုက်တွန်း ထားကြောင်း ပါရှိသည်။ သိပ္ပံပညာရှင်များ အနေနှင့် အစိမ်းရောင် ပန်းဂေါ်ဖီဖြင့် အဆုတ်
ရောဂါများ၏ ခြိမ်းခြောက်လာမှု အား တွန်းလှန် သွားနိုင်မည်ဟု ယုံကြည် မျှော်လင့် နေကြသည်။ |
| ဗြိတိန် နိုင်ငံ အဆုတ် ကျန်းမာရေးဌာန ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ယခု
တွေ့ရှိမှုမှာ အလွန် အရေးပါသော စွမ်းဆောင်မှု တစ်ခုဟု ပြောဆို သွားသည်။ ၎င်းက အစိမ်းရောင် ပန်းဂေါ်ဖီတွင် လူသားတို့၏ ကျန်းမာရေးအား
အထောက်အကူ ပြုစေနိုင်သော သဘာဝဒြပ်ပေါင်းများ ပါရှိသည်ကို ယျေဘူယ သိရှိပြီး ဖြစ်သော်လည်း အဆုပ်ရောဂါများ အတွက် အလွန်
အစွမ်းထက်သည့် အခြေအနေ တစ်ရပ် ဖန်တီးနိုင်မည် ဟု သဘောမပေါက် ခဲ့ကြောင်း ပြောကြား သွားသည်။ | | |