လူကောင်းအတွက် နေရာကောင်း မရှားပါ
^^^^^^^^^^^^^^^^^^^^^^^
ငါတို့ က လိုချင်တဲ့ အရာကိုရမှ ကောင်းတာ ပြောမှာ၊ လိုချင်နေရာရောက်မှ ကောင်းတာတွေလုပ်မှာ ဆိုတဲ့ သူတွေဟာ
သဘောထားသေးသိမ်သူများ၊ စိတ်ဓာတ်ယိုယွင်းနေသူများသာ ဖြစ်ပါတယ်။ ဘယ်သူကောင်းကောင်း မကောင်းကောင်း
မိမိဟာ ကောင်းတာလုပ်နေဖို့ လိုပါတယ်။
သူတစ်ပါး မကောင်းခြင်းဟာ ကိုယ်နဲ့ မသက်ဆိုင်ပါဘူး။ သူ မကောင်းတာဟာ သူ့ အကြောင်း၊ သူ့ သမိုင်းအဖြစ် ရှိနေမှာပဲ။
ကိုယ်က သွားခွဲမယူမိဖို့ ပဲ အရေးကြီးပါတယ်။ ဘယ်သူတွေက မကောင်းတာပြောပြော၊ မကောင်းတာ သင်ပေးပေး ကိုယ်
က အမှတ်မယူလိုက်ခြင်းဟာ မိမိကိုယ်ကို ကောင်းအောင်နေခြင်းပါပဲ။
ပုံပြင်လေး တစ်ပုဒ် ကြိုက်လို့  မှတ်ထားလိုက်တယ်၊ ပြောပြပါ့မယ်။ တစ်ခါက မြို့တစ်မြို့ကိုလာတဲ့ဧည့်သည်က မြို့အကြောင်း
ကိုသိချင်တော့ မြို့အ၀င်မှာရပ်နေတဲ့လူတစ်ယောက်ကိုမေးတယ်။ ဒီမြို့ရဲ့မြို့ခံတွေအခြေအနေက ဘယ်လိုလဲပေါ့။ အဲဒီတော့
မြို့အ၀င်မှာရပ်နေတဲ့သူကပြန်မေးတယ်။ ခင်ဗျားနေခဲ့တဲ့အရင်မြို့မှာ ဘယ်လိုလဲတဲ့။
အဲဒီတော့ဧည့်သည်က ပြန်ဖြေတာက မကောင်းပါဘူးဗျာ။ ကျွန်တော့်အရင်မြို့ကလူတွေက တစ်ယောက်နဲ့တစ်ယောက်လိမ်
ညာနေကြတာ၊ ဆက်ဆံရေးလည်းမကောင်းတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် အကူအညီပေးတာမျိုးတွေလည်းမရှိဘူး။
တော်တော်စိတ်ညစ်စရာကောင်းတဲ့မြို့ပါဗျာလို့ပြောတယ်။ အဲဒီတော့ မြို့ခံကဘာပြန်ပြောလဲဆိုတော့ ဒီမြို့မှာလည်း ခင်ဗျား
အရင်မြို့ကလူတွေမျိုးပဲ တွေ့ရမှာပါပဲတဲ့။ နောက်တစ်ယောက်ထပ်လာတယ်။ ခုနကလူအတိုင်းပဲ မြို့အကြောင်းမေးတော့ မြို့
ခံကလည်း ခုနကလိုပဲ ပြန်မေးတယ်။ ဧည့်သည်ကပြန်ဖြေတာက ကျွန်တော့်အရင်မြို့ကလူတွေက အတော်လေးဖော်ရွေပါတယ်။
တစ်ဦးနဲ့တစ်ဦးလည်း ရိုင်းရိုင်းပင်းပင်းရှိတဲ့အပြင်စိတ်ရင်းလည်းကောင်းကြတယ်ဗျာ။ ကျွန်တော်တော့ အဲဒီမြို့ကထွက်လာရ
တာတောင် စိတ်မကောင်းဘူးလို့ ပြန်ဖြေတယ်။ ဒီတော့မြို့ခံကလည်း ပြန်ပြောတယ်။ ခင်ဗျား ဒီမြို့မှာလည်း အဲလိုလူတွေနဲ့ပ
ဲကြုံတွေ့ရမှာပါတဲ့။
ဒီပုံပြင်ထဲကလိုပေါ့။ ကိုယ်က မကောင်းရင် လူတိုင်းကို မကောင်းဘူးလို့ မြင်နေမှာပဲ။ ကောင်းတဲ့ စိတ်နဲ့  မကြည့်မိတဲ့ အခါ
အလို မကျစရာတွေပဲ မြင်တွေ့ နေမှာပါ။ ဒါကြောင့် ကောင်းတယ်၊ မကောင်းဘူးဆိုတာ သိချင်ရင် လူတိုင်းကို ချစ်တဲ့ မျက်
စိနဲ့ ကြည့် ကြည့်လိုက်ပါ။ လူကောင်းတွေ အတွက် နေရာတိုင်းဟာ ကောင်းနေတယ်ဆို
တာ သိထားပါ။
True Man