မနုဿရဲ့ စကားလက်ဆောင် (၇) ခွန်း
======================
၁) တောင်းပန်ပါ ။ ။ ကိစ္စတစ်ခုခုကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ခုကြပြီဆိုရင် ကိုယ်ကအရင်စပြီး တောင်းပန်လိုက်ပါ။
သူ့ကို ကိုယ်တောင်းပန်လိုက်တာက အောက်ကျတယ်၊ ကိုယ်မမှားဘူးဆိုတာထက်
ကိုယ်တွေကြားက ဆက်ဆံရေးကို တန်ဖိုးထားခြင်းအတွက် လုပ်ဆောင်တာပါလို့
ခံယူလိုက်ပါ။
၂) ချစ်ခင်မြတ်နိုးပါ ။ ။
ပြီးပြည့်စုံတဲ့သူတစ်ယောက်ကို ရှာဖွေလက်တွဲမှ
ချစ်ခြင်းလို့မည်တာမဟုတ်ပါဘူး။ လုံးတိုင်းက ပြီးပြည့်စုံလှပနေတာ မရှိပါဘူး။
မပြည့်စုံတဲ့ လူတစ်ယောက်ကို ကိုယ့်ရဲ့ ပြီးပြည့်စုံတဲ့ မျက်လုံးတစ်စုံနဲ့
ကြည့်ရှုပြီး ချစ်ခင်စုံမက်ပါ။
၃) တည်ငြိမ်ပါ ။ ။ လူတစ်ယောက်ကို
တစ်သက်လုံးမပြောင်းလဲပဲ ချစ်ဖို့ဆိုတာ ဖြစ်နိုင်ချင်မှ
ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်လူတစ်ယောက်ကို
ချစ်ခင်နေတဲ့အချိန်မှာတော့ မပြောင်းလဲတဲ့ စိတ်ထားနဲ့ ချစ်ပါ။
၎)
အဆင့်တန်းမြင့်စွာနေထိုင်ပါ ။ ။ လူတစ်ယောက်ရဲ့ အဆင့်တန်းကို သူဝတ်ဆင်ထားတဲ့
Branded အသုံးဆောင်တွေနဲ့ မဆုံးဖြတ်ပါနဲ့ ။ ပင်ကိုစရိုက်ကြောင့်
ဖြစ်ပေါ်လာတဲ့ သွင်ပြင်နဲ့ အဆင့်တန်းကို ဆုံးဖြတ်ပါ။
၅)
အရှိန်အ၀ါနဲ့နေပါ ။ ။ ရာထူးဂုဏ်ရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ အရှိန်အ၀ါထက်
ပင်ကိုယ် သဘောထားကြီးပြီး
ကောင်းမွန်တဲ့အတွေးခေါ်ရှိတဲ့သူရဲ့ကိုယ်ရှိန်ကိုယ်ဝါက ပိုတောက်ပပါတယ်။
၆) စွဲဆောင်မှုရှိအောင်နေပါ။ ။ ။ လူတစ်ယောက်ရဲ့ စွဲဆောင်မှုအရှိဆုံးက
ပိုက်ဆံ၊ အလှအပ တွေထက် ဥာဏ်ပညာရှိခြင်းဆိုတဲ့ စွဲဆောင်မှုက လိမ်းထားတဲ့
မိတ်ကပ်ထက်ပိုပြီး တခြားသူတစ်ယောက်ရဲ့ အမြင်မှာပိုမိုလှပ တင့်တယ်ပါတယ်။
၇) ခွင့်လွှတ်ပါ ။ ။ တစ်ခါတစ်လေ လူတစ်ယောက်ကို ခွင့်လွှတ်လိုက်တယ်ဆိုတာက
သူ့ရဲ့ အမှားကို ဗွေမယူဘူးဆိုတာထက် သူကောင်းစေချင်တာနဲ့ သူ့ကို
လက်လွှတ်ရမှာကို ပိုကြောက်လို့ ခွင့်လွှတ်ပေးလိုက်တာပါ။
ချစ်တဲ့ .... မနုဿ
မနုဿ ရဲ့ စာမျက်နှာလေးများ