နာတာရှည် ခံစားရတတ်တဲ့ ရောဂါတွေထဲက ဆီးချိုရောဂါကို မသိရှိလို့ မကုသမိပါက နောက်ဆက်တွဲ ဆိုးကျိုးတွေ များစွာ
ကို
ခံစားရနိုင်ပါတယ်။ အောက်ပါ ရောဂါလက္ခဏာတွေက ဆီးချိုရောဂါရှိကြောင်း
အစောဆုံး သိနိုင်တဲ့ လက္ခဏာရပ်တွေပါ။
(၁) အမြင်မှုန်ဝါးခြင်း - ဆီးချိုရောဂါရှိသူတွေရဲ့ အများစုမှာ
မျက်စိအမြင်အာရုံ ထိခိုက်တာကို အများဆုံး ခံစားရတတ်ကြပါတယ်။
အမြင်မှုန်ဝါးတာအပြင် တခြားအမြင်ဆိုင်ရာ ပြဿနာတွေကိုလည်း ခံစားရတတ်ပါတယ်။
သွေးတွင်းသကြားဓာတ် များပြားတာကြောင့် မျက်လုံးအတွင်းရှိ မှန်ဘီလူး
ထိခိုက်တာတွေကြောင့် ဖြစ်ရတာပါ။
(၂) ရုတ်တရက် ကိုယ်အလေးချိန် လျော့ကျခြင်း - ကိုယ်အလေးချိန်ကျအောင်
ဘာမှလုပ်ဆောင်မှု မရှိဘဲ ရုတ်တရက် ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းပါက
ဆီးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်က သကြားဓာတ်စုပ်ယူမှု
မရှိတာနဲ့ ဆီးအလွန်အမင်း သွားတာတွေကြောင့် ကိုယ်အလေးချိန်
လျော့ကျသွားတာပါ။ အမျိုးအစား ၁ ဆီးချိုရောဂါမှာတော့ ကိုယ်အလေးချိန်
များတတ်ပါတယ်။
(၃) အလွန်အမင်းဆာလောင်ခြင်း - ဘာအကြောင်းကြောင့်မှ မရှိဘဲ စားပြီးရင်
စားချင်နေတာကလည်း ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ရပ်ပါ။ ဆီးချိုရောဂါမှာ
ဂလူးကို့စ်တွေ ဆဲလ်အတွင်း မ၀င်ရောက်အောင် တားဆီးထားလို့ ခန္ဓာကိုယ်အတွက်
စွမ်းအင် မရရှိတာကြောင့် မကြာခဏ ဆာလောင်နေတတ်တာပါ။
(၄) အရေပြား မှိုစွဲခြင်း - ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေမှာ
ဆီးလမ်းကြောင်း ပိုးဝင်တာ၊ မိန်းမကိုယ် မှိုစွဲတာတွေ ခံစားရတဲ့အခါ
သွေးတွင်းသကြားဓာတ် များပြားနေတာကြောင့် ရောဂါသက်သာဖို့ အချိန်ကြာတတ်ပါတယ်။
(၅) ထုံကျဉ်ခြင်း - ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်
များပြားနေတာက အာရုံကြောတွေကို ပျက်စီးစေတာကြောင့် ထုံကျဉ်မှုတွေ
ခံစားရတတ်ပါတယ်။
Good Health