မိတ် ဆွေစစ်
---------------
•မိတ် ဆွေဖွဲ့ဖို့
၁။ အပြုံးတစ်ပွင့်၊
၂။ ယဉ် ကျေးဖွယ် ရာတဲ့ အပြုအမူ၊
၃။ အပြုသ ဘောဆောင် တဲ့စကား၊
၎။ ငြိမ်းချမ်းစွာ ချစ်ခင် ရင်းနှီးလိုတဲ့ စိတ်
နှလုံးထားတတ် ရင် ဖြစ်ပါတယ်။
•မိတ် ဆွေနဲ့ ရေ ရှည် လက်တွဲသွားနိုင် ဖို့
၁။ ရိုးသားမှု၊
၂။ ယုံကြည်မှု၊
၃။ တစ် ယောက်ကိုတစ် ယောက် အကျိုး
ပြုဖို့ လိုပါတယ်။
•မိတ် ဆွေ ကောင်းဖြစ် ဖို့
၁။သူနဲ့မကြာခဏ တွေ့ဆုံခြင်း ဒါမှမ
ဟုတ်ဖုန်း၊မေးလ်စသည်နဲ့ဆက်သွယ်ခြင်း
တို့ အတွက် အချိန် ပေးရ ပါမယ်။
၂။သူစိတ် ထိခိုက်စရာ ကြုံ ရ ရင် အားပေး
နှစ်သိမ့် တတ် ရ ပါမယ်။
၃။သူ ပျော်ရွှင် နေတဲ့ အချိန်မှာ သူ့ကို
စိတ်ညစ်သွား အောင် မလုပ် ပါနဲ့။
၎။သူ့ဝါသနာကို အမြဲ တမ်း အားပေးပါ။
၅။သူလမ်းမှားတဲ့ နေအခါ ချက်ခြင်းသတိ
ပေးပြီး လမ်းမှန်ကို ညွှန် ပြ ပေးပါ။
၆။သူ့ ရဲ့ အားသာချက်၊ အောင် မြင် မှု တွေ
ကိုအများရှေ့မှာအမြဲ ချီးကျူးထုတ် ဖော်ပါ။
၇။သူ့ ရဲ့ အားနည်းချက် တွေကို အများ
ရှေ့မှာ နောက် ပြောင် ၍ ဖြစ် စေဘယ်
တော့မှ ပြက် ရယ် မပြု မိပါ စေနဲ့။
၈။သူ့ ခံစားချက် တွေကို ဝေမျှ တဲ့အခါ နား
ထောင် ပေးပါ။
၉။သူ့ ရဲ့လျှို့ဝှက် ချက် တွေကို ပြော ပြတဲ့
အခါ ဘာအ ကြောင်းနဲ့ ဖြစ် စေ မထုတ်
ဖော် ရ ပါဘူး။ တစ်သက်လုံးလုံ ခြုံ စွာထိန်း
သိမ်းသွားရ ပါမယ်။
၁၀။သူ့ကို ဂတိ ပေးမိ ရင် တည် အောင်
ကြိုးစားပါ။ ပျက်ကွက် မယ်ဆိုရင် ကြိုတင်
အသိ ပေးပါ။
•မိတ်ပျက် စေမယ့် အ ကြောင်းတွေ
၁။သူ့ကို ခဏခဏ လိမ်ညာတာ၊
၂။သူ့ကို အမြဲ ယှဉ် ပြိုင် တိုက်ခိုက် တာ၊
၃။မတရားသ ဖြင့် အနိုင် ယူလိုက်တာ၊
၎။နာလို ဝန်တို စိတ်ထားတာ၊
၅။ကိုယ် နဲ့ သူက ကျား,ခြင်း၊ မ, ခြင်းတူခဲ့
ရင် စည်းမထားဘဲ သူ့ ရဲ့ ချစ်သူ၊ ကြင် သူ
ကို သူ့ ကွယ် ရာ မှာရင်းနှီးစွာ ပြောဆို
ဆက် ဆံတာ၊
၆။ငွေ၊ ကြေး ဥစ္စာ ချေးငှားပြီး ပျက်ကွက်
တာ၊
၇။သူ့ နောက်ကွယ်မှာသူ့ မ ကောင်းကြောင်း
ပြောတာ၊
၈။သူ့အကျိုး ပျက်စီး အောင် ခြေထိုးတာ၊
ချောက် တွန်းလိုက်တာ၊
၉။ကိုယ့်အကျိုးအတွက် ချည်းသူ့ကို
အသုံးချတာ၊
၁၀။လိုရင် တစ်မျိုး၊မလိုရင် တစ်မျိုးဆက်
ဆံ တာ၊
၁၁။သူ့ အကျိုးကို ပျက်စီး စေခဲ့ဖူးသူနဲ့
ရင်းရင်းနှီးနှီး ဆက်ဆံ နေတာ၊
၁၂။သူ အ လေးထားတဲ့သူ ကို မဖွယ်မ ရာ
ပြုမူ ဆက်ဆံလိုက်တာ။
ကိုယ့်ဘက်ကသာ မှန်မှန်ကန်ကန် ရပ်
တည်နိုင် ရင် မိတ် ဆွေကောင်းကို အလို
လို ရ နိုင် ပါတယ်။ မိတ် ဆွေ ဆိုတာသား
သမီးလိုပဲ ကိုယ် အသက် ရှင် နေသ ရွေ့
တယုတယ ပြုစု ပျိုး ထောင် သွားဖို့ လို
အပ်ပါတယ်။
ပြုံးဇာလွီ