လေးစားမှု ရှိဖို့ လိုတယ်
***************
လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုပဲ ပတ်သက်ဆက်နွယ်နေသည် ဖြစ်စေ၊ အပြန်အလှန်လေးစားမှုဆိုတာနဲ့ ဘ၀ကို
ခရီးဆက်ကြရတယ်။ အိမ်မှာဆိုရင် သားသမီးနဲ့ မိဘ၊ ပြီးတော့ မောင်နှမသားချင်းတွေပေါ့။ ဒါမှလည်း ကြိုးစားလိုစိတ်တွေ
ဖြစ်မှာပေါ့။ တစ်အိမ်လုံး ကြိုးစားတော့ တိုးတက်မှု မြန်တာပေါ့။
အလုပ်မှာဆိုရင် အထက်နဲ့ အောက်၊ ပြီးတော့ မိတ်ဆွေ သူငယ်ချင်းတွေ စတဲ့ ပတ်သက်မှုတွေမှာလည်း လေးစားမှုရှိဖို့ လိုပါ
တယ်။ လေးစားမှုရှိတာဟာ တနည်းအားဖြင့် တစ်ယောက်ရဲ့ လုပ်အားကို တစ်ယောက် ကိုယ်တိုင်ဝင်ကူလုပ်စရာမလိုပဲ၊ အား
ဖြည့်ပေးခြင်းပါ။ အားပေးကူညီတဲ့ သဘောလေးပါ။
မိဘဟာ သားသမီးရဲ့ ကြိုးစားချင်စိတ်၊ လုပ်နိုင်စွမ်းစတာတွေကို အသိမှတ်ပြုပေးနိုင်ရမယ်။ မိမိသားသမီးကို ယုံကြည်တဲ့ စိတ်
မျိုး အပြည့်အ၀ရှိရမယ်။ သားသမီးတွေကလည်း မိဘရဲ့သွန်သင်လမ်းပြမှုတွေကို လေးစားမှုရှိပါမှ လမ်းမှန်ကို လျှောက်နိုင်မယ်။
မိဘတွေရဲ့ ဆုံးမလမ်းပြမှုကြောင့်သာ မိမိတို့ မှာ ယုံကြည်မှုတွေ၊ ရည်မှန်းချက်ဆိုတာတွေ ရှိလာပါလားဆိုတဲ့ စိတ်မျိုး သားသမီး
တိုင်း ထားရှိရမယ်။
ငါတို့ တုန်းက ဘာလုပ်ခဲ့နိုင်တာ၊ သူတို့ ကျတော့ ဒါတွေပဲ လုပ်နိုင်တာ ဆိုပြီး နှိမ့်ချတဲ့ စကားလုံးတွေ မသုံးသင့်ပါ။ နောက်ပြီး
ငါတို့  မလုပ်နိုင်တာကိုတောင် သူတို့ လုပ်နိုင်ကြတယ်ဆိုပြီး ကိုယ်တိုင်လည်း အားငယ်နေစရာမလိုပါ။ သူကမမှီရင် ကိုယ်က
လက်ကမ်းပေးပေါ့။ အောင်မြင်မှု ပန်းတိုင်ကို ကိုင်ထားတဲ့ သူရဲ့လက်တစ်ဖက်မှာ မိမိတို့ ရဲ့ အားတွေလည်း ပါတာပါပဲ။ ဒီအား
အင်တွေကို လေးစားမှုရှိစွာ တစ်ဦးနဲ့ တစ်ဦး ပေးကြရမယ်။
တစ်ခေတ်နဲ့ တစ်ခေတ်ဟာ တိုးတက်မှုပြောင်းလဲမှုလိုက်ပြီး လူသားတွေရဲ့ လုပ်ပိုင်ခွင့်တွေ ရတာချင်းလည်း မတူညီကြပါဘူး။
ဒီကွာဟမှုတွေ ကြားမှာ အကောင်းဆုံးထိန်းညှိပေးတဲ့အရာကတော့ အပြန်အလှန်လေးစားမှုပါပဲ။ ကျီးကို ဘုတ်ရိုသေ၊ ဘုတ်ကို
လည်း ကျီးက ရိုသေပေါ့။
ခင်မင်မှုဆိုတာလည်း လေးစားမှုကနေ အစပြုကြပါတယ်။ လေးစားပြီးမှ အလေးထား ခင်မင်မိကြတာမျိုးပါ။ လူတစ်ယောက်ကို
လေးစားစရာ မရှိပဲနဲ့  ခင်မင်စရာလည်း အကြောင်းမရှိနိုင်ပါ။ ပြောဆိုပုံ၊ နေထိုင်ပုံ၊ ကျင့်ကြံပုံ စတာတွေကို လေးစားသွားရာက
နေ ခင်မင်မှုအဖြစ် ပြောင်းလဲ လိုက်ကြတာပါ။
အလုပ်ခွင်မှာလည်း အပြန်အလှန် အကျိုးပြုလုပ်ကိုင်နေကြတဲ့ အထက်နဲ့ အောက်ဆိုတာ လူအများကြီး လုပ်နေကြခြင်းပါ။ ကိုယ်
တစ်ဦးတည်း မလုပ်နိုင်တဲ့ အတွက် သူတစ်ပါးရဲ့ လုပ်အားတွေကိုလည်း ယူဆောင် အသုံးပြုရခြင်းဖြစ်ပါတယ်။ ဒီတော့ အခြားသူ
တွေရဲ့ လုပ်ရည်ကိုင်ရည်ကိုလည်း လေးစားတတ်ရမယ်။ လေးစားမှုမရှိရင်တော့ ကိုယ်တစ်ယောက်တည်း လုပ်နိုင်အောင် ကြိုးစား
ပေါ့။
မိမိကိုယ်တိုင် လုပ်နေတဲ့ အရာတွေမှာတောင် စိတ်တိုင်းမကျလို့  အပြစ်တင်တာတွေ ရှိနေသေးတာပဲ။ အရာရာတိုင်းကို အလိုရှိ
တိုင်းပြီးမြောက်ဖို့ အတွက် ပေါင်းသင်းဆက်ဆံကြတဲ့အခါ လေးစားမှုလေးတွေ ရှိကြဖို့  လိုအပ်ပါတယ်။ ဒါကြောင့် အရာရာတိုင်း
ကို အလေးထားကြခြင်းဖြင့် လေးစားမှုရှိတတ်ကြပါစေ။
True Man