မတော်ရာမှာ မပျော်ပါနဲ့ 
*****************
စိတ်ရဲ့ဦးဆောင်မှုအောက်မှာ ကိုယ်ခန္ဓာက လိုက်ပါပြီး ပါရမီဖြည့်ပေးနေတယ်ဆိုတာ သိကြမှာပါ။ ဟိုဟာလေးများလုပ်ချင်လိုက်တာ၊ ဒီဟာလေးများလုပ်ချင်လိုက်တာ ခန္ဓာ
ကြီးကို မညှာ သူပဲခိုင်းနေတော့တာ။ ဘာတွေ ခိုင်းသလဲ ပြန်တွေးကြည့်ရင်
ကောင်းတာတွေထက် မကောင်းတာတွေက ပိုများနေတယ်။ နောက်ဆုံး စိတ်ထောင်းတော့လည်း
ဘာခံနိုင်မလည်း ကိုယ်ကြေတာပေါ့။
အတွင်းစိတ်ကို ဘယ်လိုထိန်းရလည်းလို့  သိတဲ့သူတွေ အတွက် ခန္ဓာသက်သာတာပေါ့။
စိတ်ကလည်းငြိမ်းအေး၊ ခန္ဓာကလည်း လှုပ်ရှားမှု နည်းတော့ ဘ၀ကအေးချမ်းတာပေါ့။
ဘ၀မအေးချမ်းရင်တော့ ဘ၀နဲ့ ပက်သတ်တဲ့ အရာတွေလည်း အကုန် မီးခိုးကြွက်လျှောက်
ပူလောင်တော့တာပါပဲ။ အကုသိုလ်တရားတွေကလည်း ကိုယ့်ဆီမှာပဲ မွေ့ လျော်နေ
တော့မှာပေါ့။
မိတ်ဆွေနှစ်ယောက် ကိုယ့်ဆီလာပြီး တစ်ယောက်က ကလပ်သွားရအောင်ကွာ လို့ ခေါ်၊
နောက်တစ်ယောက်က ဒီနေ့ ဥပုဒ်နေ့ ဘုန်းကြီးကျောင်းသွား ဥပုဒ်လေးစောင့်၊သီလလေး
ယူရအောင်ကွာ လို့ ခေါ်ကြည့် ဘယ်သူ့ နောက် လိုက်မယ်ထင်လဲ။ သေချာပါတယ်
ပထမစကားနောက် လိုက်ကြမှာပါပဲ။ ဘာလို့ လည်း ဘုရားဟောတရားလေးရှိပါတယ်။" စိတ်
သည် မကောင်းမှု၌ မွေ့ လျော်၏" တဲ့။ ငါးတို့ သည် ရေမှာ ပျော်တယ်၊ ကျွဲတို
့သည် ရွှံ့ နွံမှာ ပျော်သကဲ့သို့  စိတ်ဟာလည်း မကောင်းမှုကို လုပ်ရတာ
ပျော်ပါတယ်။
မကောင်းတဲ့ စိတ်က အမြဲရှေ့ ကဦးဆောင်နေတော့
ကိုယ်ကလည်း မကောင်းတဲ့ အပေါင်းသင်းမိတ်ဆွေ ပေါင်းမိသွားတာပဲ။ ဒါဘာဆန်းသလဲ။
လူလေးများ နည်းနည်းစုမိကြည့်
တန်ဖိုးရှိတဲ့ စကားဆိုတာထက် တန်ဖိုးမဲ့တဲ့
စကား ပြောကြတာများတယ်။ တို့ တွေ ဘာလုပ်မလည်း စကားစလိုက်တာနဲ့ နောက်ဆက်တွဲ
စကားက အရက်၊ ဘီယာဆိုင် ဦးထိုး
တော့တာပဲ။ ပရဟိတဆိုတာ အတွေးထဲတောင် အလည်ရောက်မှာ မဟုတ်ဘူး။
အများအားဖြင့်တော့ စိတ် အဟာရ ဖွံ့ ဖြိုးမှုနည်းတဲ့ လူငယ်တွေ အများဆုံးပဲ။
တစ်ယောက်နဲ့ တစ်ယောက် အကြံစပေးကတည်းက မကောင်းတဲ့ အလုပ် ဦးတည်သွားရော။
ဒါကြောင့်
လည်း မြန်မာပြည်မှာ ကျန်တဲ့ရက်တွေ မပြောနဲ
့အခါကြီး၊ရက်ကြီးတွေ ဘုန်းကြီးကျောင်းသွားတာ လူကြီးတွေ အလုပ်ဖြစ်နေတယ်။
သွားတော့ သွားကြပါရဲ့ ကိုယ်က ဘုရားရောက်၊
စိတ်က လမ်းပေါ်ရောက်နေတော့တာပဲ။ ကောင်းတာလုပ်ဖို့ ကို တော်တော်ခက်ခဲနေတာပါ။
မကောင်းတဲ့ စိတ်တွေ စုပေါင်းသွားတော့ ပိုပြီး မကောင်းတာလုပ်ဖို
့အင်အားတောင့်သွားတာပေါ့။ စိတ်တွင်း အဟာရတွေ ပြည့်ဖို့ စာဖတ်ဖို
့တိုက်တွန်းတော့လည်း ဖတ်တော့ ဖတ်ကြ
ပါတယ်၊ လူငယ်တွေဆို ၀တ္ထုတွေချည်း၊
ကဗျာတွေချည်း ဖတ်ကြတယ်။ ကိုယ့် လုပ်ငန်းနဲ့ ဆိုင်တဲ့
စာအုပ်မျိုးတွေလည်းဖတ်ပေါ့။ ပြီးတော့ သုတစာပေတွေ၊ ဦးနှောက် အဟာရ ဖြစ်မယ့်
စာပေတွေ ဖတ်ကြပါ။ ဒါမှ စိတ်အတွက် ကြံခိုင်မှုရှိလာမှာပေါ့။
စိတ်ဆိုတာ အရမ်းပေါ့ပေါ့ပါးပါးနေတာကို ကြိုက်တဲ့ သဘော၊ ပြီးတော့
လွတ်လပ်မှုကို သူက လိုချင်တာပဲ။ သူ့ ကိုအရမ်းကာရော လွတ်လပ်မှုတွေ မပေးပဲ၊
သတိ၊ အသိလေးနဲ့ ထိန်း
ထားဖို့ လိုတယ်။ မကောင်းတာကို ပျော်မွေ
့နေတဲ့စိတ်ကို ထိန်းချုပ်ထားနိုင်ရမယ်။ ဒီလိုထိန်းချုပ်ထားနိုင်ပြီဆိုတာနဲ့ 
ကိုယ့်ရဲ့စိတ်ဟာ မသင့်တော်ရာ အရပ်မှာ ပျော်ဖို့ အားနည်းသွားမှာ
ပါ။
မတော်တဲ့အရပ်မှာ ပျော်ဖို့ အတွက် အချိန်ကို မဖြုန်းပစ်လိုက်ပါနဲ့ ၊
အကျိုးမရှိတာကိုလည်း ရှောင်ပါ။ စိတ်ဆိုးတွေ၊ညင်ဆိုးတွေကို
အနိုင်ယူပြစ်လိုက်ပြီး သင့်တော်တဲ့ စိတ်လေးကို
ပျော်မွေ့ နေပါစေ။
True Man