တုတ်ကွေးရောဂါ
မြန်မာလူမျိုးတွေဟာ ရာသီစာကို ခုံမင်ကြလို့ထင်ရဲ့ ရာသီရောဂါလို့ဆိုတဲ
တုတ်ကွေးရောဂါဟာ မိုးတွင်းဆို မြို့ရွာ ရွာအနှံ့ ကလေးရောလူကြီး ပါ နှစ်စဉ်
ဖြစ်လေ့
ဖြစ်ထရှိပါတယ်။ဒီနှစ်
ဝါဆိုလကုန်ပိုင်းမှာ စာရေးသူ ဖျားပါတယ်။ကျောင်းမှာ ရွာက သင်တန်းလာတက်တဲ့
ဓာတ်ခွဲခန်း မှုးရှိတော့ ဆေးထိုးဆေးသောက်ပေမယ့် မနက်အဖျားတက်၊ဆေးထိုး
ချွေးထွက် အဖျားကျ၊နေ့လည် အဖျားတက်၊ရေဘတ်တိုက် အဖျာကျ၊ည အဖျား တက်
ရေဘတ်တိုက် အဖျားကျနဲ့ မပျောက်နိုင်ဘဲ ဖြစ်နေတယ်။
ရွာက မိုးမိုးလည်း ကျောင်းရောက်နေလို့ ရွာမှာဆို ဖျားလို့ကတော့
တုတ်ကွေးဘဲဖြစ်ဖြစ်၊ငှက်ဖျားဘဲဖြစ်ဖြစ် ကြက်ဟင်း ခါးရွက်ကို လဘက်ရည်ပုဂံ
တစ်ဝက်လောက်ရအောင် အရည်ညစ်ပြီး အရက်ဖြူ လဖက်စားဇွန်း နှစ်ဇွန်းထည့်ကာ
စပ်သောက် ရင် အဖျားကျကြောင်းကို ပြောပြပါတယ်။
စာရေးသူက
ယုံကြည်မှု့မရှိလို့ ရွာမှာဆို နွမ်းပါးသူများဟာ ဒီဆေးကိုဘဲ ဖျားကြရင်
သောက်လေ့ရှိကြောင်း ပြော လွန်းမက ပြောလို့ တပည့်တစ်ပါး ကို ကျောင်းထဲက
ကြက်ဟင်းခါးရွက်ခူးစေကာ၊ကပ္ပိယ ကိုမြင့်လွင်ကို အရက်ဖြူနှစ်ဇွန်း
ရှာခိုင်းပြီး မိုးမိုးကိုယ်တိုင် ညစ်ပြီး တိုက်ပေးပါ တယ် ။နေ့လည်ချိန်
သောက်လိုက်တာ တစ်ညနေလုံး၊တစ်ညလုံး ချွေးတွေထွက် လိုက်တာ သုတ်လို့ကို
မနိုင်ဘူး၊အဲဒီနေ့ကစလို့ လုံးဝအဖျား မတက်တော့ ဘဲ
ပျောက်ကင်းသွားပါတယ်။ကိုယ်တွေ့မို့ ဖျားရဲရင်ဖျား ကြည့်
ကြက်ဟင်းခါးရွက်နဲ့အရက်ဖြူနှစ်ဇွန်းရှိလို့ကတော့ ပွဲသိမ်းဘဲပေါ့။