သွားကိုက်သွားနာ
---------------------
သွားကိုက်၊ သွားနာ၊ သွားပိုးစား၊ ရေစီးကမ်းပြို စသည့် သွားဝေဒနာအမျိုးမျိုး
ပျောက်ကင်းသက်သာစေရန် ဖန်ခါးသီးအစို (သို့မဟု
တ်) ဖန်ခါးသီးအခြောက်
(၃)လုံးခန့် ထုထောင်းပါ။ လေးညှင်းပွင့် (၃)ပွင့်ခန့် ရော၍ ထုထောင်းပါ။
ဆားအနည်းငယ်ထည့်ပါ။
ဖန်ခါသီး၊ လေးညှင်းပွင့် ထုထောင်းအဖတ်များကို ဖန်ခွက်ကြီးတွင်ထည့်၍
ရေနွေးကျက်ကျက်ဆူ လောင်းထည့်ပါ။ ဖန်ခွက်ကြီး တဝက်ခန့် ရေနွေးလောင်းထည့်ပါ။
ဖန်ခွက်အဖုံး ပိတ်ထားပါ။
အနည်းငယ် အအေးခံကာ ပလုတ်ကျင်း၍ ရလောက်သောအချိန်တွင် ဖန်ခါးသီး၊
လေးညှင်း၊ ဆား ရောထားသော ရေနွေးဖြင့် ပလုတ်ကျင်းပေးပါ။ မကြာခဏ ပြုလုပ်ပေး
ခြင်းအားဖြင့် သွားကိုက်၊ သွားနာ၊ ရေစီးကမ်းပြို၊ သွားပိုးစားခြင်း ဝေဒနာများ သက်သာ
ပျောက်ကင်းပါသည်။
သွားပိုးပေါက်အတွင်းသို့ ဖန်ခါးသီး၊ လေးညှင်း၊ ဆား ရောထားသော ပြုတ်ဖတ်
ကလေးများကို (၃)မိနစ်ခန့် ထည့်ပေးထားပါ။ ကျောက်ချဉ်မှုန့်ထည့်ပေးထားပါက
သွားပိုးစား၊ သွားကိုက်ခြင်း ဝေဒနာ သက်သာ ပျောက်ကင်းပါသည်။
ဖန်ခါးသီး၊ လေးညှင်း၊ ဆား၊ ကျောက်ချဉ်မှုန့်ကလေးများကို ထုထောင်းရောနှော၍
ရေနွေးကျက်ကျက်ဆူ ထည့်ထားသော အအေးခံ အရည်ကို ငုံပေးပါက သွားဝေဒနာ
အမျိုးမျိုး သက်သာပျောက်ကင်းပါသည်။
သွားဝေဒနာမှ ကင်းဝေးကြပါစေ။
credit to ကျန်းမာရေးအတွက်ဆေးတစ်ခွက်