အသံဝင်ခြင်း
အသံဝင်ခြင်း၊ အသံပျက်ခြင်းမှာ အသံအိုးနှင့်ဆိုင်သော ရောဂါ အမျိုးမျိုးကြောင့် ဖြစ်သည်။
အလွန် အားနည်းခြင်း၊ အာဟာရဓာတ် ချို့တဲ့ခြင်းနှင့် ပြင်းထန်သော သွေ
းအားနည်းခြင်းတို့ကြောင့်
အသံ ပျက်လေ့ရှိသည်။ အသံကို လွန်ကဲစွာ အသုံးမပြုဘဲ အသံဝင်၊ အသံပျက်လာလျှင်၊
ရုတ်တရက် အသံဝင် လာလျှင်၊ မကြာခဏ အသံဝင်တတ်လျှင်၊ ရက်ကြာမြင့်စွာ အသံဝင်
အသံပျက်နေလျှင် ယင်းတို့၏ နောက်ကွယ်တွင် အကြောင်းရင်းခံ ရောဂါဆိုးများ
ရှိနေတတ်သည်ကို သတိ ပြုသင့်သည်။ အသံဝင်ခြင်း သဘောမှာ စာကြည့်များလျှင်
မျက်စိညောင်းလာသည်။ လမ်းလျှောက်များလျှင် ခြေထောက်ညောင်း လာသည်။
စကားပြောဖန်များလျှင်၊ ကျယ်လောင်စွာ အော်ဟစ်လာ လျှင်အသံဝင်လာမည် ဖြစ်သည်။
သဘာဝ
အသံဝင်ခြင်း၊ အသံပျက်ခြင်းမှာ အသံနှင့်ဆိုင်သော ရောဂါ အမျိုးမျိုးကြောင့်
ဖြစ်သည်။ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်သော အသံအိုးရောင်ခြင်း
အမျိုးမျိုး၊ အသံအိုးတွင် အဆုတ်ရောဂါပိုး ဝင်ခြင်း၊ ကာလသား ရောဂါကြောင့်
အသံအိုးတွင် အသားပို၊ အနာဖြစ်ခြင်း၊ ဝက်သက်ရောဂါ၊ ဆုံဆို့နာ၊ အသံအိုး
အကျိတ်လုံးနှင့် ကင်ဆာရောဂါတို့ ဖြစ်သည်။ အသံအိုး ထိခိုက်၍လည်း အသံ
ဝင်နိုင်သည်။
သိုင်းရွိုက်ကလင်း ချို့ယွင်းမှု လွန်ကဲခြင်း၊
ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ ကြွက်သားများ အားနည်းခြင်း၊ အရက်စွဲခြင်း၊
မေးခိုင်ရောဂါနှင့် တခြား ကြွက်သားများ တက်တတ်သည့် ဝေဒနာများ ကြောင့်လည်း
အသံ ဝင်နိုင်သည်။
ဦးနှောက်အကျိတ် ချို့ယွင်းမှုကြောင့်ဖြစ်သော
ခန္ဓာကိုယ် အဆမတန် မူမမှန် ကြီးထွားသည့် ရောဂါတွင် အသံ ပျက်နိုင်သည်။ အလွန်
အားနည်းခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ ပြင်းထန်သော သွေးအားနည်းခြင်း၊
လေဖြတ်ခြင်း တို့တွင် အသံပျက်လေ့ ရှိသည်။
အသံမဝင်ရအောင် အသံဝင်ခြင်း
မဖြစ်စေရန် အလွန်အမင်း ဟစ်အော် ပြောဆိုခြင်း၊ မရပ်မနား အချိန်ကြာ မြင့်စွာ
စကားပြောခြင်း၊ သီချင်း ဟစ်ကြွေးခြင်းတို့ကို ဆင်ခြင်သင့်သည်။ အစားမှန်၊
အနေမှန်ရန် လိုအပ်သည်။ အသံဖြင့် အဓိက နာမည်ကြီးသူများ (အဆိုတော်များ၊
ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများသည် တစ်လလျှင် သုံး၊ လေးရက်ခန့် သီချင်းမဆို၊
တရားမဟောဘဲ အနားပေးခြင်းဖြင့် အသံဝင်ခြင်းကို ကာကွယ် နိုင်သည်။)
အကယ်၍ အသံ လွန်ကဲစွာ အသုံးမပြုဘဲ အသံဝင် အသံပျက်လျှင်၊ ရုတ်တရက်
အသံဝင်လာလျှင်၊ မကြာခဏ အသံဝင်တတ်လျှင်၊ ရက်ကြာမြင့်စွာ အသံဝင်၊
အသံပျက်နေလျှင် စသော သဘာဝမကျသည့် အသံဝင်ခြင်းမျိုး တို့၏ နောက်ဆက်တွဲ
အကြောင်းရင်း ရောဂါများ ရှိတတ်၍ ယင်းတို့ ဖြစ်ပေါ်ပါက နီးစပ်ရာ ဆရာဝန်
သို့မဟုတ် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ထံ အချိန်မီ
သွားရောက်ပြသ တိုင်ပင်၍ ထိရောက်သော ဆေးကုသမှုကို စောစီးစွာ ခံယူသင့်သည်။
ဓာတ်စာ
နို့နှင့် နို့ထွက်ပစ္စည်းများသည် အဆုတ်၌ ချွဲ၊ သလိပ် ဖြစ်ပေါ်မှု
ပိုများလာသဖြင့် အသံဝင်တာ မသက်သာခြင်း ဖြစ်သည်။ သကြားနှင့်
သကြားဓာတ်ပိုသည့် အစားအစာများ ရှောင်ရမည်။ အဆီများသော အစားအစာ၊ အသင့်
အမြန်စား အစားအစာ (ဟမ်ဘာဂါ၊ စနပ်၊ ပီဇာ) မုန့်များ ရှောင်ရမည်။ စိတ်ဖိစီးမှု
လျှော့ချရမည်။ အသံအိုး နာနေသဖြင့် စကားပြောခြင်းမှ အနားယူရမည်။
အချဉ်များသည့် အစာ စားသင့်သည်။
ဆေးစားခြင်း
လေပြွန်
ရောင်ရမ်းနာ ကုသခြင်း၊ တီဘီရောဂါ အတွက် တီဘီဆေး (DOTS) ဖြင့် ခြောက်လ
သို့မဟုတ် ရှစ်လ ပြီးပြတ်အောင် ကုသခြင်း လုပ်ဆောင်နိုင်ပြီး ဆရာဝန်၏
လမ်းညွှန်မှုနှင့် ကုသမှုများကို ခံယူသင့် ပါသည်။ ။
ဒေါက်တာ လွင်သန့် (ဆေး-၂)