သင် ကော်ဖီစွဲနေပြီလား
ကော်ဖီကို ကြိုက်လို့သောက်တာ၊ ကော်ဖီသောက်မှလန်းမှာမို့လို့ သောက်တာ၊
ကြုံလို့သောက်လိုက်ရတာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကော်ဖီသောက်နေသ
ူတွေထဲမှာ ကော်ဖီတကယ်စွဲမစွဲ ကိုယ့်ဘာသာကိုယ် သိချင်တယ်ဆိုရင် ဒီအချက်လေးတွေကို ကြည့်လိုက်ပါ။
(၁)မနက်ဆို ကော်ဖီမသောက်ရရင်စိတ်ကို မကြည်ဘူး။ ဘယ်သူနဲ့မှ စကားမပြောချင်ဘူးဆိုတဲ့သူမျိုးဆိုရင်။
(၂) ကော်ဖီဘယ်လောက်ကြိုက်သလဲဆိုရင် ကော်ဖီအရသာလေး နည်းနည်းရလိုက်တာနဲ့
ဒါဘာအမျိုးအစားလဲဆိုတာတောင် ခွဲခြားတတ်နေပြီဆိုတဲ့ သူမျိုးဆိုရင်။
( ၃)ရုံးမှာဆိုရင် အိမ်သာသွားချိန်ထက် ကော်ဖီသောက်ဖြစ်တဲ့အချိန်က ပိုများနေတဲ့သူမျိုးဆိုရင်။
(၄)ကော်ဖီဆိုတာနဲ့ ပိုက်ဆံ ဘယ်လောက်ကုန်ကုန် ပေးသောက်တတ်တဲ့သူမျိုးဆိုရင်။
(၅)ကော်ဖီဆိုင်ကသူတွေက ကိုယ့်နာမည်တောင် သိနေတဲ့အထိ ကော်ဖီဆိုင်သွားတတ်တဲ့သူဆိုရင်။
(၆) သူငယ်ချင်းတွေနဲ့ အရက်သောက်ခဲ့တာ ဘယ်အချိန်က
နောက်ဆုံးမှန်းမသိတော့ပေမယ့် ကော်ဖီကိုတော့
တစ်နေ့ဘယ်နှစ်ခွက်သောက်ဖြစ်မှန်း တိတိကျကျ သိနေတယ်ဆိုတဲ့သူမျိုးဆိုရင်။
(၇) ကော်ဖီဟာ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကြောင်းရေးထားတဲ့ စတိုရီတွေ၊
ဆောင်းပါးတွေတွေ့တာနဲ့ ဖေ့စ်ဘွခ်လို လူမှုကွန်ယက်မှာ အမြဲ share
နေတတ်သူမျိုးဆိုရင်။
(၈) ကော်ဖီနံ့လေး ရလိုက်တာနဲ့ စိတ်ထဲမှာ လန်းဆန်းသွားတတ်သူဆိုရင်။
အပေါ်ကအချက်တွေအတိုင်း သင်ပြုမူနေပြီဆိုရင်တော့ သင်ဟာ ကော်ဖီစွဲနေတာ
သေချာပါပြီ။ ဒါ့ကြောင့် တစ်နေ့ကို ကော်ဖီ ဘယ်နှစ်ခွက်သာ သောက်သင့်တယ်ဆိုတဲ့
အချက်မျိုးတွေ သိထားရမှာဖြစ်ပြီး အလွန်အကျွံ မဖြစ်အောင်တော့
ထိန်းသိမ်းသင့်ပါပြီ။
Ref:womenshealthmag.com
မေသော်
Trend Myanmar