သက်သတ်လွတ်စားသူများ သိထားရမည့် အချက် (၄)ချက်
-----------------------------------------------------------------
သက်သတ်လွတ်စားသူအနေဖြင့် အောက်ပါအချက်(၄)ချက်ကို လေ
ျှာ့နည်းကြပါတယ်။
၁။ ပရိုတင်းဓါတ်လျှော့နည်းခြင်း
၂။ ဗိုက်တာမင်ချို့တဲ့ခြင်း
၃။ ကယ်လိုရီလျှော့နည်းခြင်း
၎။ သတ္ထုဓါတ်များအားနည်းခြင်း
၁။ ပရိုတင်းဓါတ်ပြန်လည်ပြည့်ဝလာစေရန်
အသားမစားလို့ လျှော့နည်းနေတဲ့ ပရိုတင်းဓါတ်ပြန်လည်ပြည့်ဝလာစေရန် တိုဟူး၊
ပဲမျိုးစုံနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွတ်တို့ကို စားသုံးပေးပါက
ပရိုတင်းဓါတ်ပြန်လည်ပြည့်ဝလာသည့်အပြင် ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလည်း
ကာကွယ်နိုင်ပါတယ်။ ပဲကို ၂မျိုး ၃မျိုးသာ မဟုတ်ပဲ ပဲမျိုးစုံစားပေးဖို့
လိုအပ်ပါတယ်။
၂။ ဗိုက်တာမင်ဓါတ် ပြန်လည်ပြည့်ဝလာစေရန်
သွေးနီဆဲလ်များ ဖွဲ့စည်းရန်၊ နဗ်ဆဲများဖွဲ့စည်းရန်၊ DNA တည်ဆောက်ရန်
ခန္ဓာကိုယ်အတွင်း ဗိုက်တာမင်ဓါတ် ရှိဖို့လိုအပ်ပါသည်။ အသားဓါတ်တွင်ပါဝင်သော
ဗီတာမင် B12 ကို သက်သတ်လွတ်သမားများ ချို့တဲ့နေသည့်အတွက် စိတ်ကျခြင်း၊
ခံတွင်းပျက်ခြင်း၊ အနံ့ခံအာရုံပျက်ခြင်း၊ ထုံကျင်ခြင်းနှင့် ဆီး၊
ဝမ်းမထိန်းနိုင်သောရောဂါတို့ ဖြစ်တတ်သည်။ ထိုကြောင့် နွားနို့နှင့်
နို့ထွက်ပစ္စည်းများစားသုံးပေးပါ။၊ ဗီတာမင် B12 ဆေးကို မှီဝဲပေးပါ။
၃။ ကယ်လိုရီလျှော့နည်းခြင်း
အစုံကို စားသုံးသူများထက် သက်သတ်လွတ်သမားများက ကယ်လိုရီဓါတ်
အားနည်းနေပါသည်။ ထို့ကြောင့် ကယ်လိုရီဓါတ်ပြည့်ဝလာစေရန်
အခွံမာသီးအစေ့များနှင့် သစ်သီးမျိုးစုံတို့ကို စားသုံးပေးပါ။
၎။ သတ္ထုဓါတ်များအားနည်းခြင်း
သံဓါတ်၊ ကာစီယမ်ဓါတ်နှင့် ဇင့်ဓါတ်အားနည်းပါက သွေးအားနည်းခြင်း၊
အရိုးပါးခြင်း၊ အမျိုးသားဟော်မုန်းဓါတ်အားနည်းခြင်းတို့ ဖြစ်တတ်သည်။
ထို့ကြောင့် သံဓါတ်ပြည့်ဝစေရန် ကွေကာအုတ်၊ လိမ္မောသီးဖျော်ရည်တို့ကို
သောက်ပေးပါ။ သံဓါတ်များစွာပါဝင်သည့် အစိမ်းရင့်ရောင်
ဟင်းသီးဟင်းရွတ်များများ စာပေးပါ။
Ref: Medical Facts
စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
ကျန်းမာရေးသတင်းများ