“ဗြဟ္မစိုရ်တရား လေးပါး”
•••••••••••••••••••••••
♦“မေတ္တာ” ဆိုတာ သူတစ်ပါး
ကောင်းစားစေလိုတဲ့စိတ်ကို ခေါ်တာ။
♦“ကရုဏာ”ဆိုတာ သူတစ်ပါးကို
သနားတဲ့စိတ် ဖြစ်ပေါ်တာ။
ဆင်းရဲခြင်းက လွတ်စေချင်တာ
ကရုဏာ စိတ်ပဲ။
♦“မုဒိတာ” ဆိုတာ သူတစ်ပါး
ကောင်းစား ချမ်းသာနေတာကို
ဝမ်းသာတဲ့စိတ် ကိုယ့်မှာ ဖြစ်ပေါ်တာ။
♦“ဥပေက္ခာ” ဆိုတာကျတော့ သူတစ်ပါး
ချမ်းသာရေးတို့ကို ကြောင့်ကြမပြုမှု၍
ကံတရားအတိုင်းပါပဲလို့ လျစ်လျူရှုနေခြင်းကို
“ဥပေက္ခာ ကုသိုလ်စိတ်” လို့ ခေါ်တယ်။
လူသားအသီးသီးမှာ ဒီ “ဗြဟ္မစိုရ်တရားလေးပါး” ကို
မြတ်နိုး စာနာကျင့်သုံးကြပါက လူ့ဘောင်လောကဟာ
သာယာခြင်း၊ မျှတခြင်း၊ချစ်ခင်ညီညွှတ်ခြင်းတို့နဲ့
တည်ငြိမ်လှပနေမှာပါပဲ။
-(စလင်းကန်လယ် ဆရာတော်ဘုရားကြီး)
[စံတော်ချိန် သတင်းစာ]
Dhamma Dãna Source ► ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm