မိတ်ဆွေ
ခင်မင် ကျွမ်းဝင်မှု့ဆိုသည်မှာ စိတ် တစ်ခုက လူနှစ်ဦးတွင် ရှိနေခြင်းပင် ဖြစ်ပေသည်။
မိတ်ဆွေစစ် ဆိုသည်မှာ သင့်ကို မည်သည့် အခါမျှ တားဆီး နှောက်ယှက်မည့်သူ
မဟုတ်ပါ။ သင် ဒုက္ခရောက်မည့် လမ်းကို မလျောက်လှမ်းမခြင်း ဖြစ်ပါသည်။
သင့်ဘဝတွင် သူငယ်ချင်း မိတ်ဆွေကောင်းများ ရရှိခြင်းထက် ကောင်းမွန်သော အခွင့်အရေး မရှိသဖြင့် လက်လွတ်မခံပါနှင့်။
လောကတွင် လူစိမ်းဟူ၍ မရှိပါ၊ မခင်မင်သေးသူများသာ ရှိပါသည်။
အခြားသူများက ကျောခိုင်းသွားကြသောအခါ သင့်ထံသို့ လိုလိုလားလား လျောက်လှမ်းလာသော သူသည် မိတ်ဆွေစစ် ဖြစ်သည်။
ခင်မင်မှု့ဆိုသည်မှာ တစ်ဦးအပေါ် တစ်ဦး လိုလားစွာ ချိုမြိန်သော တာဝန်ယူခြင်းသာ ဖြစ်ပေသည်။ အခွင့်အရေး ယူခြင်းမျိုးကား မဟုတ်ပါ။
မိတ်ဆွေဆိုသည်မှာ တစ်ဦးတစ်ယောက်၏ နှလုံးသားကို အားဖြည့်ရန် အတွက် အမြဲလိုအပ်နေသော အရာဖြစ်ပေသည်။
မိတ်ဆွေကောင်း တစ်ဦးနှင့် အမှောင်ထဲတွင် လျောက်လှမ်းခြင်းက အလင်းထဲတွင် တစ်ဦးတည်း သွားနေခြင်းထက် ပိုမိုကောင်းမွန်ပေသည်။
မိတ်ဆွေကောင်းများ ရလိုပါက သင်လည်း မိတ်ဆွေကောင်း ဖြစ်အောင် ကြိုးစားပါ။
ခင်မင်မှု့ဆိုသည်မှာ သူတစ်ပါးကို နားလည်နိုင်ခြင်းနှင့် မိမိကို အခြားသူ တစ်ဦးက နားလည်ခြင်း ဖြစ်သည်။
အလွန်အမင်း ရှင်းပြနေခြင်းကာ အချည်းနှီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင့်
မိတ်ဆွေများ အတွက် သင်၏ ဆင်ခြေနှင့် အကြောင်းပြချက်များသည် မလိုအပ်ပါ။ သင်၏
ရန်သူများက သင့်အား ယုံကြည်ကြလိမ့်မည် မဟုတ်ပါ။
မေတ္တာသည်သာ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းပေး နိုင်သော တစ်ခုတည်းသော အရာ ဖြစ်သည်။
သင်၏ နှလုံးသားထဲတွင် သံလိုက်ဓာတ်နှင့် တူသော စိတ်ရင်းကောင်း တစ်ခုမှာ
ရှိနှင့်နေပြီး ဖြစ်ပေသည်။ ယင်းမှာ တကိုယ်ကောင်း မဆန်ခြင်း၊ သူတပါး၏
အကျိုးကို ရှေရူ ဆောင်ရွက်တတ်ခြင်းပင် ဖြစ်သည်။ သင်က သူများ အကျိုးကို
တန်ဖိုးထားပါမှ သင့် အကျိုးကိုလည်း အခြားသူများက အလေးထားကြလိမ့်မည်။
ကျွန်ုပ် ပြောင်းလဲသကဲ့သို့ လိုက်၍ ပြောင်းလဲသော ကျွန်ုပ်
ခေါင်းညိတ်သကဲ့သို့ လိုက်၍ ခေါင်းညိတ်သော မိတ်ဆွေမျိုးကို မလိုချင်ပါ။
သူတို့ထက် ပို၍ ကျွန်ုပ်၏ အရိပ်က ပို၍ စွမ်းဆောင်နိုင်ပေသည်။
မိတ်ဆွေစစ်ဆိုသည်မှာ သင့်အကြောင်း အလုံးစုံကို သိပြီးသည့်တိုင် သင်ကို နှစ်သက်နေသေးသူ ဖြစ်သည်။
မိတ်ဆွေစစ်ဆိုသည်မှာ ကျန်းမာခြင်းနှင့် တူသည်၊ နေထိုင် မကောင်းသောအခါမှ
ကျန်းမာခြင်း၏ တန်ဖိုးကို သိသကဲ့သို့ မိတ်ဆွေကောင်း မရှိသောအခါမှ သူ၏
တန်ဖိုးကို သိနိုင်ပေသည်။
လူ့လောကတွင် အချိုမြိန်ဆုံးသော အရာကို ပြပါဟုဆိုလျင် မိတ်ကောင်းဆွေကောင်းများ ရှိနေခြင်းပင် ဖြစ်ပေသည်။
လူသားများကို အကောင်းဆုံး ဖြစ်အောင် မွမ်းမံပေးနိုင်သော အရာများမှာ ရင်းနှီး ခင်မင်မှု့နှင့် ချစ်ခြင်း မေတ္တာပင် ဖြစ်ပေသည်။
Photo Ref :
103fm.net Ref : Quotes of Authors and Leaders of the world.