မေတ္တာအကျိုး အံမခန်းအစွမ်း
၁။မေတ္တာတရားကိုကျင်သုံးသူသည် နှစ်ခြိုက်စွာအိပ်စက်ရ၏။အမုန်းတရားတို့ကင်းစင်၍
လွတ်လပ်ပေါ့ပါးသော စိတ်နုလုံးနှင့်အိပ်ရာဝင်သောကြောင့်ချက်ချင်းအိပ်ပေါ်သည်။
၂။မေတ္တာသမားတို့သည် အိပ်ပျော်နေစဉ်မှာပင် အိပ်မက်ဆိုးတို့၏
နှောက်ယှက်မှုကိုမခံရပါ။
၃။တိရစ္ဆာန်တို့ကလည်း သူ့ကို ချစ်ခင်၏။
၎။တားဆီးမရသော ကံကြွေးသာမရှိလျှင် မေတ္တာပွားသူသည် သူ့မေတ္တာ၏
စွမ်းအားကြောင့် အဆိပ်စသော ဘေးသင့်ခြင်းမျိုးမကြုံရနိုင်ပါ။
၅။မေတ္တာရှိသူ၏ မေတ္တာစွမ်းအားကြောင့် မေတ္တာဓာတ်ရှိသူကို
မမြင်အပ်မမြင်နိုင်သော နတ်ဒေဝါတို့ကစောင့်ရှောက်ကြကုန်၏။
၆။မေတ္တာကြောင့် လျင်မြန်စွာ စိတ်တည်ကြည်၏။ ရန်လိုစိတ် မရှိသောကြောင့်
သမာဓိကို အလွယ်တကူ ထူထောင်နိုင်၏။
၇။မျက်နှာသည် စိတ်အခြေအနေကို အဓိကပုံဖော်ပေးသော အရာဖြစ်ပါသည်။
(စာပေရေကြမ်းစဉ်မှ
ကောက်နှတ်ထား)