မြန်မာ့တိုင်းရင်းဆေးပညာ
တင်ဆက်မှုအပိုင်း(3)
အခြေခံသဘောတရားများ
သက်ရှိ သက်မဲ့အားလုံးဟာ
အရင်းခံရုပ်အနေနဲ့
ဓာတ် ၅ ပါးအစုအဝေး မျှသာဖြစ်ပါတယ်။
ဓာတ် ၅ ပါးညီညွတ်မျှတမှ
သာလျှင် ကျန်းမာပါတယ်။
မညီညွတ်၍ဖောက်ပြန်လျှင
်အနာရောဂါရပါတယ်။
ဓာတ်ကြီး ၅ ပါး အစုအဝေး
ပထဝီ( မြေဓာတ်)
အာပေါ(ရေ ဓာတ်)
တေဇော(မီးဓာတ်)
ဝါယော( လေဓာတ်)
အာကာသဓာတ်(အပိုင်း
အခြားဓာတ်)
ဓာတ်ဆိုတာ မိမိသဘောမိမိ
ဆောင်၍ ဓာတ်ဟုခေါ်ပါတယ်
အဆိုပါဓာတ်ကြီးများဟာ
(1) အတူယှဉ်တွဲ၍ဖြစ်
တတ်သောသဘော
(2) အချင်းချင်းကျေးဇူးပြု
တတ်သောသဘော
(3) တစ်ပါးကိုတစ်ပါးအားပြု
မှီတွယ်နေသောသဘော
(4) တစ်ပါးရှိလျှင်တစ်ပါးရှိရ
သောသဘော
(5) တစ်ပါးနှင့်တစ်ပါးကင်း
ကွာ၍မရသောသဘော
များရှိပါတယ်။
ရုပ်တရားတို့ ကိုဖြစ်စေတဲ့
အကြောင်းတရားများနဲ့
ရုပ်တရားဖောက်ပြန်ပျက်စီး
စေတဲ့အကြောင်းတရား
၎မျိုးရှိပါတယ်။
ကံ စိတ် ဥတု အဟာရ ပါ။
မြန်မာ့တိုင်းရင်းဆေးပညာ
အဆိုအရ
သက်ရှည်ကျန်းမာ၍ရောဂါ
ဘယကင်းရှင်းစွာနေထိုင်
စေခြင်းဌာ
ကံ စိတ် ဥတု အဟာရ
တည်းဟူသောသမုဌာန် ၄ ပါး
ညီညွတ်မျှတမှသာလျှင်
ကျန်းမာခြင်းအကျိုးရရှိပေမည်
မကျန်းမာခြင်း( သို့ ) အနာ
ရောဂါရခြင်းဟာလည်း
သမုဌာန် ၄ ပါးညီညွတ်မှုမရှိ
ဖောက်ပြန်ချို့ယွင်းသော
ကြောင်(ပ အာ တေ ဝါ )
မဟာဘုတ်လေးပါးတို့ ဦး
ဆောင်ပါဝင်တဲ့ရုပ်ကလပ်
တို့ဖောက်ပြန်ပျက်စီးခြင်း
သည်ရောဂါအမျိုးမျိုး
ဖြစ်ပေါ်ရခြင်းအကြောင်း
ဖြစ်ပါတယ်။
Tun Tun Aung
ADMIN(GM)့